တိုက်ခိုက်ရေးပြိုင်ပွဲကြိုးဝိုင်းအတွင်း အီလွန်မတ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ်ဆိုရင် ဇူကာဘတ်သေဆုံးနိုင်ဖွယ်ရှိတယ်လို့ Meta ကုမ္ပဏီသတိပေး
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၈
ကမ္ဘာကျော် လူမူကွန်ရက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Meta က Facebook တည်ထောင်သူ ဇူကာဘတ်ဟာ အီလွန်မတ်နဲ့ MMA ပွဲစဉ်တွေ ယှဉ်ပြိုင်ထိုးသတ်မယ်ဆိုရင် သေဆုံးဖွယ်ရှိနေကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။
ကြိုးဝိုင်းအတွင်း ဇူကာဘတ်ယှဉ်ပြိုင်ထိုးသတ်ခြင်းဟာ Meta ရဲ့အကျိုးစီးပွားကို သက် ရောက်မှုရှိလာနိုင်ပြီး ကြိုးဝိုင်းအတွင်း သေဆုံးတာ၊ ဒဏ်ရာရတာမျိုးတွေဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း Meta ကုမ္ပဏီပါ။ Meta ဟာ Facebook နဲ့ Instagram တို့ရဲ့မိခင်ကုမ္ပဏီဖြစ်ပြီး ဇူကာဘတ်ရဲ့လုပ်ရပ်တွေကြောင့် ကုမ္ပဏီရှယ်ယာဈေးနှုန်းတွေ ကျဆင်းလာဖွယ်ရှိနေကြောင်းသိရပါတယ်။ Meta ကုမ္ပဏီက "ဇူကာဘတ်သာ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ လုပ်ငန်းတွေအပေါ် သက်ရောက်မှုများရှိလာနိုင်တယ်။ ဇူကာဘတ်ဟာ တိုက်ခိုက်ရေးပြိုင်ပွဲအတွင်းမှာ သေဆုံး၊ ဒဏ်ရာရတာမျိုးတွေဖြစ်လာနိုင်ဖွယ်ရှိတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ ဇူကာဘတ်အပါအဝင် ကုမ္ပဏီရဲ့အဓိက ပုဂ္ဂိုလ်တွေကို မှီခိုနေရတယ်"လို့ ပြောပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ဇူကာဘတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ဘရာဇီး ဂျီဂျစ်ဆု ကစားနည်းကို လေ့ကျင့်နေခဲ့ပြီး ပြိုင်ဘက်တွေကိုအနိုင်ယူနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဇူကာဘတ်ဟာ ပြီးခဲ့တဲ့နှစ်မှာ X (တွစ်တာ)ကုမ္ပဏီပိုင်ရှင် အီလွန်မတ်နဲ့ အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် တိုက်ခိုက်ရေးပွဲစဉ်ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသတ်ဖို့ စိန်ခေါ်ပြောဆိုခြင်းများရှိခဲ့ပါတယ်။ ကမ္ဘာကျော်တိုက်ခိုက်ရေးပြိုင်ပွဲတစ်ခုဖြစ်တဲ့ (UFC) က ၎င်းတို့နှစ်ဦးပွဲစဉ်ကို ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်းသိရပါတယ်။ (UFC) အကြီးအကဲက အီလွန်မတ် နဲ့ ဇူကာဘတ်တို့ ယှဉ်ပြိုင်ထိုးသတ်မယ်ဆိုရင် အဲဒီပွဲစဉ်က က မ္ဘာ့သမိုင်းမှာ အကြီးအကျယ်ဆုံးတိုက်ခိုက်ရေးပွဲစဉ်ဖြစ်လာမယ်လို့ အစောပိုင်းက ခန့်မှန်းပြောဆိုခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲ ဖမ်းဆီးခံထားရသူများအနက်မှ ၂၅ ရာခိုင်နှုန်းသေဆုံးခဲ့ဟု အစ္စရေးစစ်တပ်ပြော
RELATED POSTS
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ
28 Oct 2024 | နည်းပညာ,နိုင်ငံတကာ