အင်းစိန်မြို့နယ် မီးသတ်စခန်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့
NSS - ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် မီးသတ်စခန်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဗုံးပေါက်ကွဲမှုသည် ယနေ့(ဖေဖော်ဝါရီလ ၈ ရက်)၊ မွန်းလွဲ ၁၂နာရီခွဲဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ မီးသတ်စခန်းအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူထိခိုက်တာတော့ မရှိပါဘူး။ ပေါက်တာကလည်း လမ်းမှာမဟုတ်ဘဲ အဲဒီမီးသတ်စခန်း ဧရိယာထဲမှာ ပေါက်တာဆိုတော့ အနီးနားမှာ ရပ်ထားတဲ့ ကား(၁)စီး (၂)စီးလောက်တော့ ဗုံးစထိမှန်တာရှိတယ်”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း အခင်းဖြစ်နေရာအနီး၌ ရပ်ထားသည့် ကား(၂)စီး ဗုံးစထိမှန်ကာ ပျက်စီးမှုတချို့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့(ဖေဖော်ဝါရီလ ၇ ရက်)တွင်လည်း စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအောက်ရှိ ဘန်ကာ နှင့် လှိုင်သာယာ ရခိုင်ရိုးလေး အုပ်ချုပ်ရေးမှုးရုံးတို့ကို Dark Shadow အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က အဝေးထိန်းမိုင်းစနစ်အသုံးပြုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်ကလည်း အင်းစိန်မြို့နယ်၊ ပေါက်တောရပ်၊ လှိုင်မြစ်လမ်းမပေါ်၊ အင်းစိန်အကျဉ်းထောင်ရှေ့၌ ရပ်ထားသည့် ကားတစ်စီးအောက်မှ ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားတစ်စီးထိခိုက်ပျက်စီးသွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇရပ်ကြီးမြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဒေသခံ (၁၀၀၀)ကျော် စစ်ဘေးရှောင်နေရပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိနေ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ