လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသားအချို့ လွတ်ရက်စေ့သော်လည်း နေရပ်မပြန်နိုင်သေး
Pearl (NSS) - ဖေဖော်ဝါရီ ၅
လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသားအချို့ လွတ်ရက်စေ့သော်လည်း နေရပ်မပြန်နိုင်သေးကြောင်း နစကမှ ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်)တွင် အသိပေး ထုတ်ပြန်ထားသည်။
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသားအချို့ ပြစ်ဒဏ်ရက်ပြီးဆုံး၍ လွတ်မြောက်ပြီးဖြစ်သော်လည်း ခရီးသွားပို့ဆောင်ရေးယာဉ်များ ပြေးဆွဲခြင်းမရှိခြင်းကြောင့် ၎င်းတို့ကို ဥပဒေနှင့်အညီ လက်ခံကျွေးမွေးထားရှိပြီး လွတ်လပ်စွာ နေထိုင်ခွင့်ပြုထားကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့ကို ၎င်းတို့၏နေရပ်အသီးသီးသို့ ပြန်နိုင်ရန်အတွက်လည်း တာဝန်ရှိသူများအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
KNPP၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်မှစတင်ကာ (၁၁.၁၁ စစ်ဆင်ရေး) အမည်ဖြင့် လွိုင်ကော်မြို့အား မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
လက်ရှိတွင် လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်၊ ခရိုင်တရားရုံး၊ သီရိမင်္ဂလာ(တောင်ဈေး)၊ ဌာနဆိုင်ရာအဆောက်အဦးများ နှင့် လူနေအိမ်အများအပြားသည်လည်း ပျက်စီးထိခိုက်လျက်ရှိပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူများလည်း အများအပြား ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိမ်သာကျင်းအသစ်တူးဖော်စဉ် ကျင်းဟောင်းဘက်အောက်ခြေမှ မြေပေါက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး သေဆုံး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ