အိမ်သာကျင်းအသစ်တူးဖော်စဉ် ကျင်းဟောင်းဘက်အောက်ခြေမှ မြေပေါက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး သေဆုံး
NSS - ဖေဖော်ဝါရီ ၅
အိမ်သာကျင်းအသစ်တူးဖော်စဉ် ကျင်းဟောင်းဘက်အောက်ခြေမှ မြေပေါက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်)၊ နေ့လည် (၂)နာရီခွဲခန့်တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေဝင်ရပ်ရှိ နေအိမ်၌ အမျိုးသား (၂)ဦး အိမ်သာကျင်းအသစ်တူးဖော်နေစဉ် ကျင်းဟောင်းဘက်အောက်ခြေမှ မြေပေါက်မှု ဖြစ်ပွားခြင်းကြောင့် အပေါ်သို့မတတ်နိုင်ဘဲ အောက်စီဂျင်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အပေါ်တွင်ရှိသော အမျိုးသားတစ်ဦးက ဆင်း၍ ကူညီရာ စုစုပေါင်း အမျိုးသား (၃)ဦး နစ်နေခဲ့သဖြင့် ညောင်ဦးမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ နှင့် အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက် ကြောင်း သိရသည်။
'ပြောရမယ်ဆိုရင် ကျင်းဟောင်းကပေါက်သွားတာ။ ကျင်းအသစ်နဲ့ ကျင်းဟောင်းကလည်း ကပ်နေတာဆိုတော့။ တစ်ယောက်က အရင်ပြုတ်ကျသွားတာ ကျင်းထဲကို။ တစ်ယောက်က သေသွားတယ်။ နောက်တစ်ယောက်က စိုးရိမ်ရတဲ့ အနေအထားပေါ့" ဟု ညောင်ဦးလူငယ်များ ပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ထိုသို့ ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်ရာ အမျိုးသား (၂)ဦး ကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သော်လည်း တစ်ဦးမှာ အောက်စီဂျင်ပြတ်တောက်၍ သေဆုံးသွားခဲ့သဖြင့် ၎င်းရုပ်အလောင်းအား ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာကာသထဲမှာအချိန်အကြာဆုံးနေထိုင်နိုင်တဲ့ လူသားအဖြစ် စံချိန်တင်လိုက်တဲ့ ရုရှား အာကာသယာဉ်မှူး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ