မြန်မာနိုင်ငံဘက်က ပစ်လိုက်တဲ့ကျည်ဆံတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကျရောက်ပေါက်ကွဲမှုတွေကြောင့် နှစ်ဦး သေဆုံးခဲ့ဟု
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံက ဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ မော်တာကျည်ဆံတွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေရှ့်မီဒီယာတွေကဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ ကျည်ဆံတွေဟာ Ghumdum အရပ်ဒေသရှိ ဘင်္ဂလားဒေရှ့်နိုင်ငံသား Hosneara Begum ရဲ့အိမ်ကို ဖေဖော်ဝါရီလ ၅ ရက်၊ နေ့လည် ၂နာရီကျော်မှာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ ကျည်ဆံတွေကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်ဖြစ်တဲ့ အသက် ၆၀ အရွယ်ရှိ Hosneara Begum ဆိုသူသေဆုံးခဲ့သလို Badshah Mia ဆိုသူလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဘင်္ဂလားဒေရှ့်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကြားတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေရှ့်ပိုင်နက်ခြမ်းကို ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။
ဘင်္ဂလားဒေရှ့်သတင်းတွေရဲ့အဆိုအရ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉၀ ကျော်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံပိုင်နက်ခြမ်းထဲကို ဆုတ်ခွာလာခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေရှ့်ပြည်ထဲရေးဝန်ကြီးက ၎င်းတို့နိုင်ငံဘက်ခြမ်းကို ဆုတ်ခွာလာခဲ့တဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို မိခင်နိုင်ငံကို ပြန်ပို့သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ မြန်မာအစိုးရဘက်ကလည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့ ချဉ်းကပ်လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသားအချို့ လွတ်ရက်စေ့သော်လည်း နေရပ်မပြန်နိုင်သေး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ