Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယကို ရှုံးနိမ်ခဲ့သော်လည်း ကျေနပ်စရာခြေစွမ်းပိုင်းနှင့် လူစာရင်းကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း မြန်မာအသင်းနည်းပြချုပ်ပြော

ရဲပြည့် (NP News) - မတ် ၂၃


မြန်မာလက်ရွေးစင်အသင်းသည် ခြေစမ်းပွဲတွင် အိန္ဒိယကို ရှုံးနိမ်ခဲ့သော်လည်း ကျေနပ်စရာခြေစွမ်းပိုင်းနှင့် လူစာရင်းကို ပိုင်ဆိုင်ထားကြောင်း မြန်မာအသင်းနည်းပြချုပ် မိုက်ကယ်ဖိုက်တန်ဘိုင်ရာကပြော သည်။ 


မြန်မာ့လက်ရွေးစင်အသင်းသည် Hero Tri-Nation International Football Tournament 2023 ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင်အိန္ဒိယအသင်းအား (၁ - ဝ)ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။  


“ဒီနေ့ပွဲက ကျွန်တော်တို့အတွက် ပထမဆုံးပွဲ ဖြစ်ပေမယ့် အသင်းရဲ့ စွမ်းဆောင်မှုကိုတော့ ကျေနပ်အားရမိပါတယ်။ ရလဒ်ကတော့ ကျွန်တော်တို့အတွက် မဖြစ်ခဲ့ပါဘူး။ ပွဲပြီးသွားတဲ့အချိန်မှာ ခံစားမှုက ကျွန်တော့်အတွက် မြန်မာအသင်းနည်းပြဖြစ်ရတာ ဝမ်းသာကျေနပ်မိသလိုပါပဲ။ ဒီအသင်းကို တစ်ဆင့်ချင်းကြိုးပမ်းသွားမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်ဖို့ အလားအလာအများကြီးမြင်နေရလို့ပါ။ ဒီနေ့ကတော့ နောက်မှာလည်း အမှားလုပ်ခဲ့သလို ရှေ့မှာလည်း အမှားတွေရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ဂိုးရဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာလည်း ရှိတာပါပဲ။ တစ်ပွဲလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့အသင်း စွမ်းဆောင်မှုက အချိန်တိုအတွင်းမှာ ကျေနပ်အားရစရာပါ "ဟု မြန်မာအသင်း၏ နည်းပြချုပ်က ပြောသည်။ 


မြန်မာလက်ရွေးစင်အသင်းသည် လူစာရင်းအရ မြန်မာယူ(၂ဝ)မျိုးဆက်နှင့် ၂ဝ၁၉  ခုနှစ် ဆီးဂိမ်းတွင် တတိယဆုရရှိခဲ့သည့် မျိုးဆက်နှစ်ဆက်ကို စုပေါင်းထားသည့် အသင်းတစ်သင်းလည်းဖြစ်သည်။


အောင်သူ၊ သန်းပိုင်၊ မောင်မောင်လွင်၊ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ သီဟထက်အောင်၊ နန္ဒကျော်စသည့် မြန်မာ ယူ(၂ဝ)မျိုးဆက်နှင့် ဝင်းနိုင်ထွန်း၊ ရဲမင်းသူ၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်၊ ဆန်းဆက်နိုင်၊အောင်ကောင်းမာန်စသည့် ၂ဝ၁၉  ခုနှစ် ဆီးဂိမ်းတွင် တတိယဆုရရှိခဲ့မျိုးဆက်နှစ်ဆက်ဖြစ်သည့်အတွက် အားရစရာကောင်းသည့် လူစာရင်းကို ပိုင်ဆိုင်ထားပြီဖြစ်သည်။


သို့သော် မြန်မာအသင်း နည်းပြချုပ်အနေဖြင့်လည်း ကစားသမားများ အထိုင်ကျရန် အချိန်အတိုင်းအတာတစ်ခုလိုအပ်ပြီး ပြည်ပကစားသမားအများအပြား ပြန်လည်ပေါင်းစည်းလာမှုနှင့်အတူ ပြည်တွင်းကစားသမားများနှင့် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ရဦးမည့် အ‌ခြေအနေတွင် ရှိနေသည်။ 


ယင်းအတွက်ကြောင့် မြန်မာအသင်းအနေဖြင့် နည်းပြအသစ်၊ ကစားသမားစုဖွဲ့မှုအသစ်၊ လေ့ကျင့်ရက်အနည်းငယ်ဖြင့် ကစားခဲ့ရသည့် အိန္ဒိယအသင်းကို (၁-ဝ)ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်သည့် ကာဂျစ္စတန် အသင်းနှင့်ပွဲတွင် မည်သည့်အခြေအနေအထိ စွမ်းဆောင်သွားနိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။


မြန်မာလက်ရွေးစင်အသင်းသည် ဒုတိယမြောက်ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၅ ရက်၊ မြန်မာစံတော်ချိန် ည(၇)နာရီတွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

zawgyi version


ရဲပြည့် (NP News) - မတ် ၂၃

















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မုံရွာမြို့ရှိ Anonymous အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးစဉ် ဓားစာခံအဖြစ် အဖမ်းခံထားရသူများကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း နစကဆို

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved