Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မုံရွာမြို့ရှိ Anonymous အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးစဉ် ဓားစာခံအဖြစ် အဖမ်းခံထားရသူများကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း နစကဆို

NP News - မတ် ၂၃ 


မုံရွာမြို့တွင် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေသည့် Anonymous အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


နစကမှ မတ်လ(၂၂)ရက်ညတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။


အဆိုပါ Anonymous အကြမ်းဖက်အဖွဲ့ကို သတင်းအရ ပြီးခဲ့သည့် မတ်လ(၁၅)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီးရှိ ယာတဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုထားသည်။


ထိုသို့ ဖမ်းဆီးခဲ့ရာ Anonymous အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ကိုရဲရင့်ကျော်(၃၃)နှစ် အပါအဝင် အဖွဲ့ဝင်များဖြစ်ကြသည့် ကိုကျော်ဆန်းဦး (၂ဝ)နှစ်၊ ကိုကိုအောင်(၁၉)နှစ်၊ ကိုဝေယံထက်(၁၈)နှစ်၊ ကိုစိုးစိုး(၃၇)နှစ်၊ ကိုနေလင်းအောင်(၁၇)နှစ်၊ ကိုကောင်းခန့်ဇော်(၁၈)နှစ်၊ ကိုကျော်ရဲသူ(၁၇)နှစ်၊ ကိုအောင်ဇော်ထက်(၂၃)နှစ်၊ ကိုရာပြည့်(၁၈)နှစ်နှင့် ၎င်းတို့ကိုကူညီထောက်ပံ့ပေးနေသည့် ကိုကြည်မင်း(၄၈)နှစ်၊ ဒေါ်ခင်နှင်းစိုး(၄၅)နှစ်၊ ဦးကိုမြင့်(၅၅)နှစ်နှင့် ဦးစိုးစိုး(၄၅)နှစ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ အသိပေးထားသည်။


ဖမ်းဆီးရမိမှုများအရ အမျိုးသား(၁၃)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၁၄)ဦး ပါဝင်ပြီး ၎င်းတို့နှင့်အတူ လက်လုပ်သေနတ်မျိုးစုံ(၇)လက် အပါအဝင် လက်လုပ်စိန်ပြောင်း(၅)လက်၊ လက်လုပ်မိုင်း(၁၉)လုံး၊ ကျည်မျိုးစုံ(၁၇၆)တောင့်နှင့် အခြားဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


ထို့ပြင် အဆိုပါ Anonymous အကြမ်းဖက်အဖွဲ့ကို ဖမ်းဆီးစဉ် ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး နှင့် ကလေးငယ်(၁)ဦး စုစုပေါင်း(၄)ဦးကိုပါ လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။


ဓားစာခံအဖြစ်ဖမ်းဆီးခြင်းသည် ၎င်းတို့အဖွဲ့ထောင်ထားသည့် မိုင်းများကို အဆိုပါ မိသားစုမှ အမျိုးသားတစ်ဦးက ဖြုတ်ယူခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ကျန်ရှိသည့် အမျိုးသားတစ်ဦးသည်လည်း ၎င်းတို့ငွေကြေးတောင်းနိုင်ရန် ပြန်ပေးဆွဲထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်ဟု နစကမှ ဆိုထားသည်။


ဆက်လက်၍ Anonymous အဖွဲ့ဝင်များ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အကြမ်းဖက်ဖောက်ခွဲမှု(၄) ကြိမ်ကျူးလွန်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှု(၃)ကြိမ်ကိုလည်း ကျူးလွန်ထားခဲ့ကြောင်း သိရသည်။


ထို့ကြောင့် ဖမ်းဆီးရမိခဲ့သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version

မုံ႐ြာၿမိဳ႕ရွိ Anonymous အၾကမ္းဖက္အဖြဲ႕အား ဖမ္းဆီးစဥ္ ဓားစာခံအျဖစ္ အဖမ္းခံထားရသူမ်ားကို ျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း နစကဆို


NP News - မတ္ ၂၃ 


မုံ႐ြာၿမိဳ႕တြင္ အၾကမ္းဖက္လုပ္ရပ္မ်ားေဆာင္႐ြက္ေနသည့္ Anonymous အဖြဲ႕အား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။


နစကမွ မတ္လ(၂၂)ရက္ညတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။


အဆိုပါ Anonymous အၾကမ္းဖက္အဖြဲ႕ကို သတင္းအရ ၿပီးခဲ့သည့္ မတ္လ(၁၅)ရက္၊ နံနက္ပိုင္းတြင္ မုံ႐ြာၿမိဳ႕၊ ေအးသာယာရပ္ကြက္၊ ခ်င္းတြင္းျမစ္ကမ္းအနီးရွိ ယာတဲတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။


ထိုသို႔ ဖမ္းဆီးခဲ့ရာ Anonymous အၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္ ကိုရဲရင့္ေက်ာ္(၃၃)ႏွစ္ အပါအဝင္ အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ကိုေက်ာ္ဆန္းဦး (၂ဝ)ႏွစ္၊ ကိုကိုေအာင္(၁၉)ႏွစ္၊ ကိုေဝယံထက္(၁၈)ႏွစ္၊ ကိုစိုးစိုး(၃၇)ႏွစ္၊ ကိုေနလင္းေအာင္(၁၇)ႏွစ္၊ ကိုေကာင္းခန႔္ေဇာ္(၁၈)ႏွစ္၊ ကိုေက်ာ္ရဲသူ(၁၇)ႏွစ္၊ ကိုေအာင္ေဇာ္ထက္(၂၃)ႏွစ္၊ ကိုရာျပည့္(၁၈)ႏွစ္ႏွင့္ ၎တို႔ကိုကူညီေထာက္ပံ့ေပးေနသည့္ ကိုၾကည္မင္း(၄၈)ႏွစ္၊ ေဒၚခင္ႏွင္းစိုး(၄၅)ႏွစ္၊ ဦးကိုျမင့္(၅၅)ႏွစ္ႏွင့္ ဦးစိုးစိုး(၄၅)ႏွစ္တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ အသိေပးထားသည္။


ဖမ္းဆီးရမိမႈမ်ားအရ အမ်ိဳးသား(၁၃)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး စုစုေပါင္း(၁၄)ဦး ပါဝင္ၿပီး ၎တို႔ႏွင့္အတူ လက္လုပ္ေသနတ္မ်ိဳးစုံ(၇)လက္ အပါအဝင္ လက္လုပ္စိန္ေျပာင္း(၅)လက္၊ လက္လုပ္မိုင္း(၁၉)လုံး၊ က်ည္မ်ိဳးစုံ(၁၇၆)ေတာင့္ႏွင့္ အျခားေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားကိုပါ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။


ထို႔ျပင္ အဆိုပါ Anonymous အၾကမ္းဖက္အဖြဲ႕ကို ဖမ္းဆီးစဥ္ ဓားစာခံအျဖစ္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသည့္ အမ်ိဳးသား(၂)ဦး၊ အမ်ိဳးသမီး(၁)ဦး ႏွင့္ ကေလးငယ္(၁)ဦး စုစုေပါင္း(၄)ဦးကိုပါ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။


ဓားစာခံအျဖစ္ဖမ္းဆီးျခင္းသည္ ၎တို႔အဖြဲ႕ေထာင္ထားသည့္ မိုင္းမ်ားကို အဆိုပါ မိသားစုမွ အမ်ိဳးသားတစ္ဦးက ျဖဳတ္ယူခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။


ထို႔ျပင္ က်န္ရွိသည့္ အမ်ိဳးသားတစ္ဦးသည္လည္း ၎တို႔ေငြေၾကးေတာင္းႏိုင္ရန္ ျပန္ေပးဆြဲထားျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု နစကမွ ဆိုထားသည္။


ဆက္လက္၍ Anonymous အဖြဲ႕ဝင္မ်ား၏ ထြက္ဆိုခ်က္အရ ၎တို႔သည္ အၾကမ္းဖက္ေဖာက္ခြဲမႈ(၄) ႀကိမ္က်ဴးလြန္ခဲ့ၿပီး လုပ္ႀကံသတ္ျဖတ္မႈ(၃)ႀကိမ္ကိုလည္း က်ဴးလြန္ထားခဲ့ေၾကာင္း သိရသည္။


ထို႔ေၾကာင့္ ဖမ္းဆီးရမိခဲ့သူမ်ားအား ဥပေဒအရ ထိေရာက္စြာ အေရးယူႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂)ဦးသေဆုံး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved