ရီးရဲလ်မက်ဒရစ်အသင်းက အမ်ဘာပေထက် ဟာလန်းကို ပိုလိုအပ်ကြောင်း အသင်းနည်းပြဟောင်း ပြော
Pika (NSS) - ဇန်နဝါရီ ၂၅
ရီးရဲလ်မက်ဒရစ်အသင်းသည် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အမ်ဘာပေထက် မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းကို ပိုမိုလိုအပ်ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ကာပယ်လိုက ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပေကို ခေါ်ယူရန်အတွက် ချိတ်ဆက်မှုများရှိနေသော် လည်း အမ်ဘာပေသည် ၎င်း၏ အနာဂါတ်နှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ ဆုံးဖြတ်ချက်ချမှတ်ရခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါက မန်စီးတီးတိုက်စစ်မှူးဟာလန်းကို ခေါ်ယူ နိုင်ရန်အတွက် ကြိုးပမ်းနိုင်ဖွယ်ရှိနေကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။ ထို့အပြင် ဟာလန်း၏ ကစားဖော်ဟောင်းဖြစ်သူ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဟမ်သည် ဟာလန်း နှင့် အဆက်အသွယ် များရှိနေကြောင်းလည်း သိရသည်။
အမ်ဘာပေသည် ဘက်စုံအကောင်းဆုံးကစားသမားတစ်ဦးဖြစ်သော်လည်း ရီးရဲလ်မက်ဒရစ်အသင်းက ဟာလန်းကို ဘာကြောင့် လိုအပ်ရသည်ဆိုသည့်အချက်ကို ကာပယ်လိုက ထုတ်ဖော်ပြောဆိုခဲ့ကြောင်းလည်း သိရသည်။
ကာပယ်လို က "အမ်ဘာပေဟာ ဗဟိုတိုက်စစ်မှူး မဟုတ်ပါဘူး။ သူက တောင်ပံမှာ ကစားရတာကို ပိုပြီး နှစ်သက်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်မှာက Vinícius Júnior ရှိပြီးသားပါ။ ရီးရဲမက်ဒရစ်အသင်းဟာ ကစားသမား အသစ်ခေါ်ယူဖို့ စဉ်းစားနေတယ်ဆိုရင် သူတို့မှာ ဗဟိုတိုက်စစ်မှူးရှိလားဆိုတာကို ကြည့်ရမှာပါ။ သူတို့မှာ ဗဟို တိုက်စစ်မှူးမရှိတဲ့အတွက် အဲဒီလိုကစားသမားကို ခေါ်ယူဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် နည်းစနစ်ပိုင်းကို ကြည့်ရ မယ်ဆိုရင်တော့ ဟာလန်းထက်အမ်ဘာပေက ပိုသာပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ်(၅၄) နေအိမ်ကို ဒေါ်လာသန်း ၉ဝ နဲ့ လေလံတင် ရောင်းချမယ်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း