တာမွေမြို့နယ်ရှိ ဂိုထောင်တစ်လုံး၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်(၂)ဦး ဒဏ်ရာရ
စော (NSS) - ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ဂိုထောင်တစ်လုံး၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးငြှိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်(၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်သည် ယမန်နေ့(ဇန်နဝါရီလ ၂၄ ရက်)၊ ည (၈)နာရီခွဲအချိန်ဝန်းကျင်ခန့်က တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ ပင်ရွှေညောင်လမ်း၌ အထက်ပါအတိုင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပစ္စည်းအဟောင်းများထားသော ဂိုဒေါင်၌ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဂိုထောင်လောင်တာပါ။ ဂိုထောင်ထဲက ပစ္စည်းအဟောင်းတွေများတယ်။ အထဲမှာတော့ တာယာအဟောင်းတွေလည်းရှိတယ်ပြောတယ်။ မီးသတ်နှစ်ယောက်ကတော့ သံဆူးတဲ့ ဒဏ်ရာရသွားတယ်။ မီးလောင်တာက သိပ်တော့မကြာဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အဆိုပါမီးလောင်မှုအား သက်ဆိုင်ရာ မီးသတ်စခန်းများက နာရီဝက်ခန့်ကြာမြင့်အောင် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ လူမှုကူညီရေးအသင်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီပေးခဲ့ကြကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက်(၂၅)နှစ်ဝန်းကျင်ရှိ မီးသတ်ဝန်ထမ်းအမျိုးသား (၂)ဦး သံဆူးခဲ့သော်လည်း စိုးရိမ်ရခြင်းမရှိကြောင်း သိရသည်။
အလားတူ ယနေ့(ဇန်နဝါရီလ ၂၅ ရက်)၊ မွန်းလွဲပိုင်း (၁)နာရီ၊ (၄၇)မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာ၊ ရွှေဘဲလမ်းတွင် ကွင်းပြင်၌မီးလောင်မှုဖြစ်ပွားခဲ့ရာ မှော်ဘီမြိုန့ယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး ၊ ညောင်နှစ်ပင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို ကူညီပေးနေသည့် အနောက်အုပ်စုနိုင်ငံများကို ရုရှားလွှတ်တော်ဥက္ကဋ္ဌ ပြစ်တင်ဝေဖန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ