ယူကရိန်းကို ကူညီပေးနေသည့် အနောက်အုပ်စုနိုင်ငံများကို ရုရှားလွှတ်တော်ဥက္ကဋ္ဌ ပြစ်တင်ဝေဖန်
Pika (NSS) - ဇန်နဝါရီ ၂၅
ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးမှုက ကိုယ်ပိုင်စစ်သုံ့ပန်း ဒါဇင်ပေါင်းများစွာကို သိသိကြီးဖြင့် သတ်ဖြတ်ရန်ကြိုးပမ်းနေသော နာဇီအစိုးရအား ကူညီပေးနေခြင်းဖြစ်သည်ဆိုသည့်အချက်ကို အမေရိကန် နှင့် ဂျာမနီတို့၏ လွှတ်တော်အမတ်များက နားလည်ချိန်တန်ပြီဖြစ်ကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က ပြောကြားခဲ့သည်။
ရုရှားဖက်မှ ဖမ်းမိထားသည့် ယူကရိန်းစစ်သုံ့ပန်း(၆၅)ဦးကို သယ်ဆောင်လာသော IL-76 ကုန်တင်လေယာဉ်သည် ယူကရိန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘယ်လ်ဂိုရော့ဒေသတွင် ပျက်ကျခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့ပြီးနောက် မကြာမီ Vyacheslav Volodin ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အကျဉ်းသားအပြန်အလှန်လဲလှယ်မှုများ လုပ်ဆောင်ရန်အတွက် ယူကရိန်းစစ်သားများကို ဘယ်လ်ဂိုရော့ဒေသို့ ပို့ဆောင်နေစဉ် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယူကရိန်းသည် အကျဉ်းသားလဲလှယ်ရေးနှင့် လေယာဉ်ပျံသန်းမည့်လမ်းကြောင်းတို့ကို သိရှိထားသော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားလွှတ်တော်အမတ် Andrey Kartapolov က ပြောကြားခဲ့သည်။
IL-76 ကုန်တင်လေယာဉ်သည် အမေရိကန်ထုတ် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် (သို့မဟုတ်) ဂျာမနီထုတ် IRIS-T လေကြောင်းရန် ကာကွယ်ရေးစနစ်တို့မှ ပစ်လွှတ်လိုက်သောဒုံးကျည်သုံးစင်းဖြင့် ပစ်ချခံခဲ့ရ ခြင်းဖြစ်ပြီး နောက်ထပ် အကျဉ်းသားလဲလှယ်မှုများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာများရှိလာခဲ့ကြောင်း Andrey Kartapolov က ပြောကြားခဲ့သည်။
Vyacheslav Volodin က "ဒါဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ပြင်သစ်သမ္မတမက်ခရွန် နဲ့ ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးလ်တို့ဖန်တီးတဲ့နာဇီအစိုးရဖြစ်ပြီး ဒီကိစ္စအတွက် သူတို့ရဲ့တာဝန်တွေကို နားလည်ရပါမယ်။ အနောက်အုပ်စုဥပဒေပြုလွှတ်တော်အမတ်ဟာ ဒီခေါင်းဆောင်တွေကို ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်သင့်ပါ တယ်" ဟု ပြောခဲ့သည်။
အဆိုပါလေယာဉ်ကို ယူကရိန်းတပ်ဖွဲ့များက ပစ်ချခဲ့ခြင်းနှင့်ပတ်သက်ပြီး Vyacheslav Volodin က မှတ်ချက်ပြု ပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ၎င်း က "သူတို့ကိုစောင့်နေတဲ့မိခင်တွေ၊ ဇနီးတွေ နဲ့ ကလေးငယ်တွေ ရှိပါတယ်။ ပြီးတော့ ယူကရိန်းတပ်ဖွဲ့တွေဟာ အမေရိကန် နဲ့ ဂျာမနီထုတ်ဒုံးကျည်တွေ အသုံးပြုပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမစ်ရှင်တွေလုပ်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့လေယာဉ်မှူးတွေကိုလည်း သတ်ပစ်ခဲ့ပါတယ်" ဟု ဝေဖန်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရီးရဲလ်မက်ဒရစ်အသင်းက အမ်ဘာပေထက် ဟာလန်းကို ပိုလိုအပ်ကြောင်း အသင်းနည်းပြဟောင်း ပြော
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း