ပုံမှန်လေကြောင်းခရီးစဥ်တွင် လက်မခံသည့် အန္တရာယ်ရှိကုန်ပစ္စည်းများပါ သယ်ဆောင်နိုင်မည့် MNA ၏ ကုန်တင်လေယာဥ် ရန်ကုန်လေဆိပ်သို့ရောက်ရှိ
ယွန်း (NSS) - ဇန်နဝါရီ ၂၅
ပုံမှန်လေကြောင်းခရီးစဥ်တွင် လက်မခံသည့် အန္တရာယ်ရှိကုန်ပစ္စည်းများ (Dangerous Goods) ပါ သယ်ဆောင်နိုင်မည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Boeing 737-800 Freighter ကုန်တင်လေယာဥ် လေယာဉ် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်အမှတ် 9M-WCA ၊ Cargo လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိုမှ ထွက်ခွာ၍ ယမန်နေ့(ဇန်နဝါရီ ၂၄ ရက်) နေ့လည်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၎င်းလေယာဉ်ကို မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ်များတွင် အသုံးပြု ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး တန်ချိန်အားဖြင့် ၂၂ တန်ခန့် သယ်ဆောင်နိုင်ကြောင်း သိရသည်။
ထို့ပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော အန္တရာယ်ရှိကုန်ပစ္စည်းများ (Dangerous Goods) လည်း ပို့ဆောင်နိုင်ပြီး ရန်ကုန်မြို့မှ အခြေပြု၍ အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းပို့ဆောင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်ပခရီးစဉ် ပျံသန်းမှုအနေဖြင့် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ စသည့်နိုင်ငံများကို ပုံမှန်ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသည့်အပြင် ဗုဒ္ဓဂါယာဘုရားဖူး စင်းလုံးငှားခရီးစဥ်များကိုလည်း ပျံသန်းပြေးဆွဲနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိရစ္ဆာန်မျိုးစိတ်အသစ်များထပ်မံဖြည့်တင်းပြသရန်စီစဉ်နေသည့် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်၏(၁၁၈)နှစ်ပြည့်ပွဲတော်ကို ယနေ့စတင်ကျင်းပ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း