Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနေသည့် ဓာတုပစ္စည်းများဖမ်းဆီးရမိမှုသည် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေဟုဆို

သုတဇော် (NSS) - ဇန်နဝါရီ ၂၅

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနေသည့် ဓာတုပစ္စည်းများဖမ်းဆီးရမိမှုသည် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေကြောင်း ရဲမှူးချုပ် ဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။ 


၎င်းက (၇)ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို ဇန်နဝါရီလ ၂၄ ရက်က မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပရာတွင် ဗီဒီယိုကွန်ဖ ရင့်စနစ်ဖြင့် တက်ရောက်ရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယနေ့ခေတ်တွင် နည်းပညာဆန်းသစ်မှုပြောင်းလဲလာသော အခြေအနေများအရ မူးယစ်ဆေးဝါးပြဿနာသည် လွန်စွာရှုပ်ထွေးလာပြီး ကမ္ဘာ့နိုင်ငံတိုင်းကြုံတွေ့နေရသည့် အခက်အခဲပြဿနာများစွာထဲတွင် အကြီးမားဆုံး စိန် ခေါ်မှုပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးက နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိန်းချုပ်တားဆီးမှုများ လုပ်ဆောင်နေသော် လည်း အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှုများစွာနှင့် ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း ရဲမှူးချုပ်ဝင်းနိုင်က ပြောသည်။ 

မူးယစ်ဂိုဏ်းအဖွဲ့များ၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနည်းစနစ်နှင့် လမ်းကြောင်းများ အမြဲပြောင်းလဲ၍ ဆောင်ရွက်လာသည့်အတွက် နိုင်ငံအားလုံး ရေရှည်ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားရမည့် အရေးကြီးလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပြီး နိုင်ငံဖြတ်ကျော် မှုခင်းကျူးလွန်သူ ဂိုဏ်းအဖွဲ့များ သည် မူးယစ်ဆေးဝါးကုန်သွယ်မှုကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဆက် လက်တိုးမြှင့် လုပ်ကိုင်ဆောင်ရွက်လာသဖြင့် မူးယစ်ဆေးဝါး ပြဿနာသည် လျော့ကျသွားခြင်းမရှိသည့်အပြင် ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ ဒေသအပြင်ဘက်မှ မူးယစ်ဂိုဏ်းအဖွဲ့များက ကွန်ရက်များတည် ဆောက်ပြီး ဈေးကွက်ချဲ့ထွင်လာကြကြောင်း ၎င်းကဆက်လက်ပြောသည်။

ယနေ့ကမ္ဘာ့နိုင်ငံများကို ခြိမ်းခြောက်လျက်ရှိသည့် အဓိကပြဿနာသည် လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ပြဿနာဖြစ်ပြီး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ ပိုမိုကြီးမားကျယ်ပြန့်လာခဲ့ကြောင်း၊ အလားတူ ဈေးကွက်အတွင်းတွင် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာသည့် လူလုပ်မူးယစ်ဆေးဝါးများ လွယ်ကူစွာဝယ်ယူရရှိမှုများကြောင့် သုံးစွဲသူဦးရေ များပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် လူလုပ်မူး ယစ်ဆေးဝါးထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပရီကာဆာထိန်းချုပ်ရေးကို အဓိကဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းသို့ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်နေမှုများနှင့် လမ်းလွဲရောက်ရှိမှုများမှာလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်ကို တွေ့ရှိရကြောင်း ရဲမှူးချုပ် ဝင်းနိုင်က ပြောသည်။ 

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနေသည့် ဓာတုပစ္စည်းများဖမ်းဆီးရမိမှုသည် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်း ပါးနေသည့်အတွက် နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေသည့် နယ်စပ်ဒေသများမှ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေးကို ယခုထက်ပိုမို တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား မူးယစ်တရားခံပြေးများ၊ ကွင်းဆက်တရားခံများ၊ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ မူးယစ်ကုန်ကူးသူများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးပို့စေလိုကြောင်းလည်း ရဲမှူးချုပ် ၎င်းက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရပ်စောက်မြို့နယ်တွင် (၆)ဘီးမော်တော်ယာဉ်ပေါ် မီးသွေးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်(၁၂)ဘီလျံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved