မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့တဲ့ ဝက်စ်ဟမ်းအသင်း
Pika (NSS) - ဇန်နဝါရီ ၂၅
ဝက်စ်ဟမ်းအသင်းသည် မန်စီးတီးအသင်းကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို အငှားစာချုပ်ဖြင့် ခေါ်ယူရန်အတွက် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ဝက်စ်ဟမ်းအသင်းသည် ကယ်ဗင်ဖီးလစ်ကို ရာသီလက်ကျန် ကာလတိုစာချုပ်ဖြင့် ခေါ်ယူရန် မန်စီးတီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း Athletic သတင်းစာက ဖော်ပြခဲ့သည်။ ကယ်ဗင်ဖီးလစ်သည် ၂ဝ၂၂ ခုနှစ်တွင် လိဒ်ယူနိုက်တက်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကြေးပေါင်(၄၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစုံပွဲပေါင်း(၃၁)ပွဲသာ ကစားထားကြောင်းလည်း သိရသည်။
ထို့အပြင် မန်စီးတီးအသင်းသည် ကယ်ဗင်ဖီးလစ်ကို လစာအပြည့်ပေးထားခဲ့သည့်အတွက် ၎င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းကမ်းချက်များမှာ ပြဿနာဖြစ်လာနိုင်ဖွယ်မရှိကြောင်းလည်း သိရသည်။ မန်စီးတီးအသင်းသည် လာမည့်ဇန်နဝါရီလ(၂၇)ရက်တွင် စပါးအသင်းနှင့် FA ဆုဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း လည်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ကွင်းလယ်ကစားသမားကယ်ဗင်ဖီးလစ်ကို ခေါ်ယူရန်အတွက် သဘောတူညီမှုရရှိရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ သဘောတူညီချက်ရရှိခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ကယ်ဗင်ဖီးလစ်သည် လိဒ်ယူနိုက်တက်အသင်းတွင် ကစားစဉ်အချိန်အတွင်း ၎င်း၏ နိုင်ငံအသင်းအတွက် အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းအကျဉ်းသားတွေကိုတင်ဆောင်လာတဲ့ ရုရှားစစ်လေယာဉ် ပျက်ကျ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း