နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း(၂၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် HYUNDAI PORTER II ကားပေါ်မှ ငွေကျပ်သိန်း(၂၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သော ဇန်နဝါရီလ ၂၁ ရက်၊ မွန်လွဲ ၂နာရီ ၄၅မိနစ်အချိန်တွင် နောင်ချိုမြို့နယ်၊ မကျီးကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် ထွယ်ဆန်အောင်(၂၇)နှစ်မောင်းနှင်လာသည့် HYUNDAI PORTER II အမျိုးအစားကားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးတပ်ဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း(၂၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀၀)ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂၂ ရက်၊ နံနက် ၁၀နာရီ ၄၅မိနစ်အချိန်တွင် ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီး၌ ဦးတင်အောင်(၆၀)နှစ် မောင်နှင်ကာ ဒေါ်နန်းသန်းတင်(၅၁)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်ပေါ်မှ ငွေကျပ်(၁၉ ဒသမ ၅)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၃၉၀၀)ပြားအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားည်။
ထို့ကြောင့် ၎င်းတို့ကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံဖြူဇရပ်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ (၁၀၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ