သံဖြူဇရပ်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ (၁၀၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းထား
NSS - ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး (၁၀၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
၎င်းတို့အား ယနေ့(ဇန်နဝါရီ ၂၄ ရက်) နံနက်(၈)နာရီခွဲအချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲရွာအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“အားလုံးပေါင်း(၁၁၇)ဦးပါ။ ကား(၂)စီးပေါ်မှာ ပါလာတာကို မသင်္ကာလို့စစ်ရင်းနဲ့ တွေ့တာပါ။ လက်ရှိမှာတော့ စစ်ဆေးရေးလုပ်တုန်းပါ။ သံဖြူဇရပ်မှာပဲ ရှိနေတုန်းပါ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ထိုသို့ဖမ်းဆီးရမိသူ(၁၁၇)ဦးအနက် အမျိုးသား(၅၉)ဦးနှင့် အမျိုးသမီး(၅၈)ဦး ပါဝင်ပြီး လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့ကို စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။
အလားတူ ပြီးခဲ့သည့် သြဂုတ်လတွင်လည်း မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းတွင် ကျောက်သယ်ယာဉ်(၃)စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး (၁၄၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ဖူး ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကြေးလိမ်လည်မှုအတွက် အရေးယူမှုများကို လျင်မြန်စွာဆောင်ရွက်နိုင်ရေး Action Task Force များဖွဲ့စည်းရန် စီစဥ်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ