ဆိတ်ကျောင်းနေသည့် အမျိုးသားကို PDFအဖွဲ့က “ဒလန်”ဟု စွပ်စွဲကာ ပစ်ခတ်သတ်ဖြတ်မှု တောင်သာမြို့နယ်တွင် ဖြစ်ပွား
NSS - ဇန်နဝါရီ ၂၄
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ဆိတ်ကျောင်းနေသည့် အမျိုးသားတစ်ဦးကို PDFအဖွဲ့က “ဒလန်”ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇန်နဝါရီ ၂၁ရက် နံနက် ၆နာရီခွဲအချိန်တွင် တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာအရှေ့ဘက် (၉၄)ဖာလုံခန့်အကွာရှိ ဒေသအခေါ် ပြွန်ကြီးကုန်းတောအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် အသက်(၂၁)နှစ်အရွယ် ကိုဇင်မင်းနိုင်(ခ)အရှည်ကြီးသည် အထက်ပါနေရာ၌ ဆိတ်ကျောင်းနေစဉ် PDFအဖွဲ့ဝင်(၂)ဦးရာက်ရှိလာပြီး ၎င်းအား”ဒလန်”ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကိုဇင်မင်းနိုင်(ခ)အရှည်ကြီးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း(၂၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ