မော်လူးမြို့မစျေးအတွင်း မီးလောင်မှုကြောင့် ဆိုင်ခန်းအများအပြား ပျက်စီးဆုံးရှုံး
Pearl (NSS) - ဇန်နဝါရီ ၂၄
မော်လူးမြို့မစျေးအတွင်း မီးလောင်မှုကြောင့် ဆိုင်ခန်းအများအပြား ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ကနဦး သတင်းများ အရသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်)၊ ညနေ (၄)နာရီ အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ မော်လူးမြို့မစျေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"မီးလောင်တာက မှန်ပါတယ်။ မနေ့က ညနေက လောင်တာ။ ပျက်စီးဆုံးရှုံးမှုနဲ့ ဘယ်လိုလောင်လဲဆိုတာတော့ အတိအကျ မသိရသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။
မော်လူးမြို့မစျေးတွင် ဆိုင်ခန်းပေါင်း (၃၀၀)ဝန်းကျင်ရှိသည့်အနက် မီး လောင်မှုကြောင့် စျေးအတွင်းရှိ ဆိုင်ခန်း ၂၀၀ ခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကနဦးသတင်းများအရသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မော်လူးမြို့ရှိ ရဲစခန်း အပါအဝင် လုံခြုံရေးစခန်းများကို KIA ၊ PDF ၊ ABSDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိတွင် မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားသည့် အခြေအနေရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း နှင့် ရခိုင်ပြည်နယ်တို့ရှိ ဒေသအချို့တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စျေးမီးလောင်မှုများဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအများအပြား ပျက်စီးဆုံးရှုံးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုင်း နှင့် ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်ဟု မိုးဇလအသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ