တိုင်း နှင့် ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်ဟု မိုးဇလအသိပေး
စော (NSS) - ဇန်နဝါရီ ၂၄
ပင်လယ်ပြင်ဘက်မှ တိုက်ခတ်လာသည့် လေနွေးများနှင့် လေအေးတို့ တွေ့ဆုံမှုကြောင့် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇန်နဝါရီလ ၂၄ ရက်)၊ မွန်းလွဲ (၂)နာရီအချိန် ထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
“ဆောင်းတွင်းမိုးရွာတဲ့ အခြေအနေကတော့ ဆောင်းလေအေးတွေနဲ့ ပင်လယ်ပြင်ဘက်က တိုက်လာတဲ့ လေနွေးတွေ နှစ်ခုသွားပြီး တွေ့ဆုံတဲ့နေရာတွေမှာ မိုးရွာတာပါ။ ဆောင်းတွင်းမှာ ဒီလိုအခြေအနေတွေကြောင့် မိုးကတော့ ရွာတတ်တယ်။ ဆောင်းမိုးဆိုတော့ နည်းမယ်။ နည်းပေမဲ့ဲ့တစ်ခါတစ်လေျတော့လည်း လေနွေးနဲ့လေအေး စုဆုံမှုအားကောင်းတဲ့ နေရာမျိုးဆိုရင်တော့ မိုးရေချိန်တစ်လက်မလောက်တော့ ရွာနိုင်တာပေါ့”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NSS ကို ပြောသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ လာမည့် (၂)ရက်တွင် စစ်ကိုင်းတိုင်း ၊ မန္တလေး တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ အရှေ့ပိုင်း နှင့် ချင်းပြည်နယ်တို့၌ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
“မိုးက တစ်ရက်နှစ်ရက်ပဲရွာမယ်ဆိုတဲ့ အခါကျတော့ မိုးရေချိန်ပမာဏကလည်း သိပ်မများတော့ ထိခိုက်မှုတော့ သိပ်မရှိနိုင်ဘူး။ တစ်ခုတော့ရှိတယ်။ စိုက်ပျိုးတဲ့သီးနှံက ရေလိုလား၊ မလိုလား ဒါတော့ရှိတယ်။ တချို့သီးနှံတွေက မိုးနည်းနည်းရွာတာလောက်နဲ့ ရသေးတဲ့ အတိုင်းအတာလောက်မျိုးလည်းရှိသေးတယ်။ မိုးကတော့ နည်းပေမဲ့ လေး၊ငါးရက် ဆက်တိုက်ရွာနေရင် ထိခိုက်မှုရှိနိုင်တယ်”ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံရှိ တောင်ပိုင်း၊ အရှေ့ပိုင်း နှင့် မြောက်ပိုင်းဒေသတို့တွင် ဇန်နဝါ ရီလကုန် (သို့မဟုတ်) ဖေဖော်ဝါရီလဆန်းတို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှု ထပ်မံဖြစ်ပေါ်နိုင်ခြင်းကြောင့် တောင်သူများအနေဖြင့် သတိထားဖို့ လိုအပ်ကြောင်း သိရသည်။
နေပြည်တော် အပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်တွင် မနက်ဖြန် (ဇန်နဝါရီလ ၂၅ ရက်)၊ နံနက်ပိုင်းအထိ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွန်ညီညွတ်ရေးပါတီ၏ နာယက နိုင်ငွေသိန်း ကွယ်လွန်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း