မွန်ညီညွတ်ရေးပါတီ၏ နာယက နိုင်ငွေသိန်း ကွယ်လွန်
Pearl (NSS)- ဇန်နဝါရီ ၂၄
မွန်ညီညွတ်ရေးပါတီ၏ နာယက နိုင်ငွေသိန်းသည် ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်)၊ နေ့လည် (၁၂)နာရီခွဲခန့်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
နိုင်ငွေသိန်းသည် ရန်ကုန်မြို့၊ အာရှတော်ဝင် အထူးကုဆေးရုံ၌ လူကြီးရော ဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၈၈)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
"ဆရာက ကျွန်တော်တို့ မွန်ထဲမှာက နိုင်ငံရေး အဝန်းအဝိုင်းထဲမှာ ဆရာမရောက်လာခင်ကတည်းက ပညာရေး လောကမှာရော ၊ မွန်အမျိုးသားတက္ကသိုလ်ကျောင်းသားမှာရော ခေါင်းဆောင်၊ အမျိုးသားရေးလုပ်ငန်းတွေကို အကုန်ယူခဲ့တယ်လေ။ ယူခဲ့တဲ့ အပြင်ကို နောက်ပိုင်းမှာ ကျွန်တော်တို့ မွန်ဒေသထဲမှာလည်း တေးရေးတာတို့၊ နောက် မွန်ကဗျာ၊ မွန်စာပေ ၊ ယဉ်ကျေးမှု အဲဒီထဲမှာ ဆရာက မွန်ရေးမွန်ရာ တစ်လျှောက်လုံး သူစွမ်းဆောင်ခဲ့တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံပညာရေးဌာနမှာလည်း အထက်ဗမာပြည် ညွှန်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အခါကျတော့ မွန်ထဲမှာတော့ ဆရာ့ကို ဆုံးရှုံးမှုက တစ်မျိုးသားလုံးရဲ့ ဆုံးရှုံးမှုလို့ပဲ မှတ်ယူပါတယ်" ဟု မွန်ညီညွတ်ရေးပါတီ၏ တာဝန်ရှိသူတစ်ဦးက NSS ကို အမှတ်တရ စကားပြောကြားထားသည်။
နိုင်ငွေသိန်း၏ စျာပနအခမ်းအနားကို မနက်ဖြန် (ဇန်နဝါရီလ ၂၅ ရက်)၊ နေ့လည်(၁)နာရီခန့်တွင် မော်လမြိုင်မြို့၊ တောင်ပိုင်းရပ်၊ ရှင်စောပုလမ်းရှိ နေအိမ်မှ ပိန္နဲကုန်း သုဿာန်သို့ပို့ဆောင်၍ သဂြိုလ်သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ၊ ဗဟိုဌာနချုပ်က အသိပေးထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်တွင် မွန်ပြည်သစ်ပါတီ (NMSP) ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌဖြစ်သူ နိုင်ထောမွန်သည်လည်း လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ရွှေဈေး ဆက်တိုက်မြင့်တက်လာ၍ ထိန်းထိန်းသိမ်းသိမ်း ရောင်းချရန် ရွှေအသင်းတိုက်တွန်း
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း