ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်၌ တန်(၅၀)ဝန်ချီစက်ကြိုးပျက်ကျပြီး လူနှစ်ဦးသေဆုံး
NSS - ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ မြတ်နိုးသူကွင်း၌ ဝန်ချီ စက်မတော်တဆမှုဖြစ်ပြီး လူနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်၊ မြတ်နိုးသူကွင်း၌ မြေပြင်ပေါ်မှ သံချောင်းများကို သင်္ဘောပေါ်သို့ တန် (၅၀)ကရိန်းဖြင့် ယနေ့ (ဇန်နဝါရီလ ၂၃ ရက်)၊ နံနက် ၉ နာရီခန့်တွင် ချိတ်ဆက်တင်ဆောင်နေစဥ် ကရိန်းကြိုးပျက်ကျ၍ ကရိန်းအနီး၌ ရပ်နေသည့် အမျိုးသားနှစ်ဦးပေါ်သို့ သံချောင်းနှင့် ကရိန်းများပြုတ်ကျ၍ သေဆုံးသွားခြင်းဖြစ်သည်။
အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက "ဒီမနက် ၉ နာရီဝန်းကျင်းလောက်မှာ အသင်းရုံးကို ဖုန်းဆက်အကူအညီတောင်းတာ ကြောင့် မြတ်နိုးသူကွင်းဘက်ကို လူနာနှစ်ဦးသွားကယ်ဆယ်ရတယ်။ အဲဒီ နှစ်ယောက်ထဲက တစ်ယောက်က သေဆုံးနေတယ်။ ကျန်တစ်ယောက်က သတိမရဘူး။ အဲဒီတစ်ယောက်လည်း စံပြဆေးရုံရောက်ပြီး မိနစ်အနည်း ငယ်အတွင်းမှာပဲ ဆုံးသွားတယ်"ဟု ပြောသည်။
သေဆုံးသွားသူ နှစ်ဦးသည် ဦးမျိုးမြင့်အောင် အသက် ၃၅ နှစ် နှင့် ဦးမန်းကျော် အသက် ၃၈ နှစ်ဖြစ်ပြီး ကရိန်းကားမောင်းသူကို သက်ဆိုင်ရာမှ ဥပဒေအတိုင်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသံထက်မြန်သည့် ‘smart shell’ ဟုခေါ်သော ကျည်ဆန်ကို တီထွင်ဖန်တီးခဲ့ကြောင်း တရုတ်အစိုးရထုတ်ပြန်ကြေညာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ