အသံထက်မြန်သည့် ‘smart shell’ ဟုခေါ်သော ကျည်ဆန်ကို တီထွင်ဖန်တီးခဲ့ကြောင်း တရုတ်အစိုးရထုတ်ပြန်ကြေညာ
Pika (NSS) - ဇန်နဝါရီ ၂၃
တရုတ်ရေတပ်သိပ္ပံပညာရှင်များသည် အသံထက်မြန်ပြီး ပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်စွမ်းရှိသော ‘smart shell’ ဟုခေါ်သည့် ကျည်ဆန်ကို တီထွင်ဖန်တီးခဲ့ကြောင်း South China Morning Post (SCMP) က ဖော်ပြခဲ့သည်။
အဆိုပါကျည်ဆန်သည် အသံထက်(၇)ဆမြန်သည့် အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး ဂြိုလ်တုလမ်းကြောင်းပြစနစ်များကို အသုံးပြုကာ ၎င်း၏ ပျံသန်းမှုအစီအစဉ်ကို ပြောင်းလဲနိုင်စွမ်းရှိကြောင်း တရုတ်အစိုးရက ပြောခဲ့သည်။
ယင်းကျည်ဆန်၏ တိကျသောတိုက်ခိုက်စွမ်းရည်သည် စစ်သင်္ဘောများ (သို့မဟုတ်) ဆိပ်ကမ်းများကဲ့သို့သော ကြီးမားသည့်ပစ်မှတ်များအတွက် အသင့်တော်ဆုံးကျည်ဆန်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
အဆိုပါစစ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်ရေတပ်က အဆိုပြုထားသော ‘dream shell’ ၏ ဖွံ့ဖြိုးတက်မှုအပေါ်တွင် အခြေခံကာတည်ဆောက်ထားခြင်းဖြစ်ကြောင်း (SCMP) က ဖော်ပြခဲ့သည်။
အမေရိကန်စစ်တပ်သည် ၂ဝ၁၂ ခုနှစ်တွင် အဆိုပါအစီအစဉ်ကို စတင်အဆိုပြုခဲ့ပြီး (၅)နှစ်အတွင်း ‘dream shell’ ကျည်ဆန်ကို စမ်းသပ်ပစ်လွှတ်ရန် ရည်ရွယ်ထားသော်လည်း ၂ဝ၁၇ ခုနှစ်အထိ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ၂ဝ၂၁ ခုနှစ်တွင် အမေရိကန်စစ်တပ်သည် အဆိုပါလက်နက်စနစ်၏ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို စွန့်လွှတ်ခဲ့ကြောင်း သိရသည်။
အမေရိကန်သည် အဆိုပါနည်းပညာကို ပထမဆုံးစတင်တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့သည် အနောက်အုပ်စုသိပ္ပံပညာရှင်များထံမှ မည်သည့်အကူအညီများကိုမှ မရရှိခဲ့ကြောင်း Mach-7 ကျည်ဆန်ကို တီထွင်ဖန်တီးခဲ့သည့်တရုတ်အဖွဲ့က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ရေတပ်အင်ဂျင်နီယာတက္ကသိုလ်မှ Feng Junhing က "ကျွန်တော်တို့မှာ လမ်းညွှန်ချက်တွေ၊ ပဲ့ထိန်းဒုံး ကျည်လမ်းညွှန်စနစ်တွေ မရရှိခဲ့ပါဘူး။ အထူးသဖြင့် ဂြိုလ်တုလမ်းကြောင်းပြစနစ်တွေလည်း မရရှိခဲ့ပါဘူး" ဟု ပြောခဲ့သည်။
အဆိုပါကျည်ဆန်နည်းပညာသည် ထုတ်လုပ်စရိတ်သက်သာသည့်အပြင် ဒုံးကျည်များနှင့်ဆက်စပ်သည့် တာဝေးပစ်တိုက်ခိုက်နိုင်ခြင်းနှင့် တိကျသော တိုက်ခိုက်မှုစွမ်းရည်များကို ထိန်းသိမ်းထားနိုင်သည့်အတွက် စစ်မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းက နယ်မြေအချို့ကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် ပြော
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ