အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်နားမှာ မြန်မာစစ်လေယာဉ်တစ်စီး အက်ဆီးဒင့်ဖြစ်ပွားပြီး အနည်းဆုံး ၆ ဦး ဒဏ်ရာရခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၃
မြန်မာတပ်မတော်သားအချို့ လိုက်ပါလာတဲ့လေယာဉ်ဟာ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက မတော်တဆ အက်ဆီးဒန့်ဖြစ်ပွားကာ မြန်မာတပ်မတော်သားများ ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုကမီဇိုရမ်ပြည်နယ် Lengpui လေဆိပ်နားမှာ မြန်မာ့တပ်မတော်သားတွေ လိုက်ပါသွားတဲ့ လေယာဉ်ဟာ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ပြီး ဒဏ်ရာရခဲ့ကြောင်း ၊ ဒဏ်ရာရသူတွေကို လက်ရှိအချိန်မှာ မီဇိုရမ်ပြည်နယ် ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက လေယာဉ်ဟာ အသေးစားလေယာဉ်ဖြစ်ပြီး လူပေါင်း ၁ ဒါဇင်ကျော်ကို တင်ဆောင်ပျံသန်းသွားခဲ့တာဖြစ်ကြောင်း၊ အဲဒီလေယာဉ်ပေါ်မှာ လေယာဉ်မှူး အပါအဝင် လူပေါင်း ၁၄ ဦးလိုက်ပါသွားခဲ့ကြောင်း ပြောပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေထဲက ၆ ဦးဒဏ်ရာရခဲ့ပြီး ၈ဦး ဘေးကင်းခဲ့ကြောင်း သိရပါတယ်။ လေယာဉ်ပျက်ကျချိန်အတွင်း ဒဏ်ရာရသူတွေကို Lengpui ဆေးရုံကို ပို့ဆောင်ပေးဖို့ ကြိုးပမ်းခဲ့ပြီး လက်ရှိအချိန်မှာ ပြုစုကုသပေးနေကြောင်း၊ အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောပါတယ်။ အဆိုပါစစ်လေယာဉ်ဟာ မြေပြင်ကို ဆင်းသက်ဖို့ ကြိုးပမ်းချိန်မှာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာတပ်မတော်သား ၂၇၆ ဦးဟာ မီဇိုရမ်ပြည်နယ်အတွင်းကို တိမ်းရှောင်ခဲ့ပြီး အဲဒီတပ်မတော်သားတွေထဲက အချို့ကို ဇန်နဝါရီ ၂၃ ရက်မှာ ပြန်ပို့ဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာစစ်သားတွေ လိုက်ပါလာတဲ့လေယာဉ်ဟာ Lengpui လေဆိပ်နားမှာ ပြေးလမ်းချော်ခဲ့ခြင်းမျိုးအဖြစ် အိန္ဒိယသတင်းအရင်းမြစ်တွေကပြောပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်၏ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် လေဆိပ်သို့ ဆင်းသက်စဉ်အချိန်တွင် ရုတ်တရက် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်ဟု နစကဘက်က သတင်းထုတ်ပြန်ထားသည်။
၎င်းဖြစ်စဉ်အတွင်း လေယာဉ်အရာထမ်း/အမှုထမ်းများအနက် (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နစကမှ ဆိုသည်။
တပ်မတော်၏ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ယနေ့တွင် မြန်မာ-အိန္ဒိယစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
SSPP အနေဖြင့် နမ့်ခမ်းမြို့ဧရိယာအတွင်း အုပ်ချုပ်ရေးကိစ္စများ ဆက်လက်မလုပ်ရန် TNLA အဖွဲ့ သတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ