အမရပူရမြို့နယ်၌ ယာဉ်တိုက်ခံရသည်ဟုယူဆရသည့် အမျိုးသားအလောင်းတွေ့ရှိ
စော (NSS) - ဇန်နဝါရီ ၂၂
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ယာဉ်တိုက်ခံရသည်ဟု ယူဆရသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းအား ယနေ့(ဇန်နဝါရီလ ၂၂ရက်)၊ မွန်းလွဲ (၁၁)နာရီအချိန်ခန့်တွင် အမရပူရမြို့နယ်၊ ထုံးဘုံ/မြစ်ငယ်လမ်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“အဲဒီနားရွာသားတွေက အလုပ်သွားတာနေမယ်။ သွားရင်းနဲ့ အလောင်းတစ်လောင်းတွေ့တယ်ဆိုပြီး ဖုန်းလှမ်းဆက်တာပါ။ ထုံးဘို/မြစ်ငယ်လမ်းမှာပဲ။ လမ်းနှစ်လမ်းကြားမှာ ပစ်သွားတာပေ့ါ။ လက်ယောင်တဲ့အနေအထားရယ်၊ ဦးခေါင်းကွဲထားတယ်။ ယာဉ်တိုက်မှုပုံစံ လက္ခဏာပါ။ အဲဒီမှာ ကားဘတ်မှန်လည်းတွေ့တယ်။ ကားမီးသီးကွဲတာလည်း တွေ့ခဲ့တယ်”ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက် (၆၀)နှစ်ဝန်းကျင်အရွယ်ရှိပြီး လက်ရှိအချိန်အထိ ၎င်း၏ ရုပ်အလောင်းနှင့်ပတ်သက်၍ မည့်သည့်အချက်အလက်ကိုမျှ မသိရှိရသေးကြောင်း သိရသည်။
၎င်း၏ရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်၏ ပါကစ္စတန် အပါအဝင် အိမ်နီးချင်းနှင့် ဒေသအတွင်းနိုင်ငံများ၏ စစ်ပွဲ နောက်ကွယ်အကြောင်းရင်းများ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ