Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရန်၏ ပါကစ္စတန် အပါအဝင် အိမ်နီးချင်းနှင့် ဒေသအတွင်းနိုင်ငံများ၏ စစ်ပွဲ နောက်ကွယ်အကြောင်းရင်းများ (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဇန်နဝါရီ ၂၂ 

ယခုသီတင်းပတ်အတွင်း အီရန်နိုင်ငံဟာ အီရတ်၊ ဆီးရီးယားနဲ့ ပါကစ္စတန်စတဲ့ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံ သုံးနိုင်ငံကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ကိုယ်စားပြု ယီမင်ဟူသီတို့က အမေရိကန်နဲ့ အနောက် အုပ်စုတို့ရဲ့အကျိုးစီးပွားများအပြင် အစ္စရေးကို ပစ်မှတ်ထားတဲ့တိုက်ခိုက်နေခိုက် အီရန်ရဲ့ယခုလိုပြုမူခြင်းဟာ အရှေ့အလယ်ပိုင်းနဲ့ အခြားဒေသများသို့တိုင် ပြန့်နှံ့သွားနိုင်တဲ့ပဋိပက္ခအဖြစ် နိုင်ငံတကာက စိုးရိမ်လျက်ရှိကြောင်း Reuters က ယမန်နေ့ရေးသားပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်မှာ အီရန်ဟာ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ ဘလိုချီစတန်ပြည်နယ်အတွင်း ရော့ ကက်-ဒရုန်းများအသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။ ပါကစ္စတန်နယ်မြေအတွင်း ခိုအောင်းလျက်ရှိတဲ့ အီရန်ဆန့်ကျင် ရေး ဂျိုင်းရှ်_အူလ်_အဒူလ် ဆွန်နီစစ်သွေးကြွ ဘလိုချီခွဲထွက်ရေးသမားတွေကို ပစ်မှတ်ထားကြောင်း တီဟီရန်က ပြောပေမယ့် ကလေးငယ်နှစ်ဦး သေဆုံးရတဲ့ အီရန်ရဲ့တိုက်ခိုက်မှုဟာ မိမိနိုင်ငံရဲ့ဝေဟင်အချုပ်အအခြာအာဏာပိုင် ခြင်းကို ချိုးဖောက်ရာရောက်တယ်လို့ ပါကစ္စတန်က ရှုတ်ချခဲ့ပါတယ်။ တစ်ရက်ကျော်အကြာ ဇန်နဝါရီ ၁၈ ရက်မှာ အလားတူ ဘလိုချီ ခွဲထွက်ရေးသူပုန်များကို ပစ်မှတ်ထားကြောင်း ပါကစ္စတန်က ကြေညာပြီး အီရန်နိုင်ငံ ဘလိုချီစတန်ပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်တုန့်ပြန်တဲ့အတွက် ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၃ ဦး နဲ့ နိုင်ငံခြားသား ၉ ဦးတို့ သေဆုံးခဲ့ရတယ်လို့ တီဟီရန်က ပြောပါတယ်။ 

ဆီးရီးယားနိုင်ငံအတွင်း တိုက်ခိုက်ရခြင်းဟာ လွန်ခဲ့တဲ့ ဇန်နဝါလ ၃ရက် အီရန်နိုင်ငံ ကာမန်မြို့ ကာဆင်စူလမန်နီ အောက်မေ့ဖွယ်အခမ်းအနားကျင်းပစဉ် ဗုံးဖောက်ခွဲမှုမှာ တာ၀န်ရှိတဲ့ အိုင်အက်စ် (ခေါ်) အစ္စလာမ်မစ်စတိတ် အကြမ်းဖက်သမားများကို ပစ်မှတ်ထားခြင်းဖြစ်တယ်လို့ တီဟီရန်က ကြေညာပါတယ်။ ကာဆင်စူလမန်နီဟာ အမေရိကန်နဲ့ အစ္စရေးဆန့်ကျင်ရေး အာရပ်ကမ္ဘာကိုယ်စားပြုတိုက်ခိုက်ရေးသမားတွေကို ဦးဆောင်နေသူ အီရန် လျှို့ဝှက်ပြည်ပစစ်ဆင်ရေးအထူးတပ်မှူးဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် အီရတ်ဘဂ္ဂဒက်လေဆိပ်အထွက်မှာ အမေရိကန်က ဒရုန်းအသုံးပြုလုပ်ကြံခြင်းကြောင့် ကျဆုံးခဲ့ရပါတယ်။

အလားတူ သူတို့ရဲ့အီရတ်နိုင်ငံအတွင်း တိုက်ခိုက်မှုဟာ အစ္စရေးထောက်လှမ်းရေးနေရာများဖြစ်ကြောင်း၊ မော့ ဆက်သူလျှိုများဟာ လက်ဘနွန်နဲ့ ဆီးရီးယားရှိ တီဟီရန်မဟာမိတ် လက်ဘနွန်ပြည်သူ့စစ် ဟဇ်ဘိုလာမှ အ ရေးပါအဖွဲ့ဝင်များနဲ့ အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်များကို သတ်ဖြတ်ခဲ့ကြောင်း အီရန်က ပြောပေ မယ့်  စွဲချက်ကို ဘဂ္ဂဒက်က ငြင်းဆိုပါတယ်။ 

အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးခဲ့တဲ့ ဒီဇင်ဘာတိုက်ခိုက်မှုမှာ တာ၀န်ရှိသူ ပါကစ္စတန်အခြေစိုက် ဂျိုင်းရှ် အူလ်အဒူလ် ဘလိုချီခွဲထွက်ရေးစစ်သွေးကြွတို့ရဲ့ စခန်း ၂ ခုကို ဖျက်ဆီးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါ တယ်။ ပါကစ္စတန်ကလည်း တီဟီရန်ရဲ့လုပ်ရပ်ကို လက်တုန့်ပြန်သောအားဖြင့် ဘလိုချီ ခွဲထွက်ရေး စစ်သွေးကြွ တွေကို ပစ်မှတ်ထားတယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံနယ်မြေအတွင်း တိုက်ခိုက်ခဲ့ရာ အီရန်လုံခြုံရေးတပ်သားများ သေဆုံးခဲ့ရပါတယ်။

၂ဝဝ၃ ခုနှစ် အမေရိကန်ရဲ့အီရတ်ကျူးကျော်မှုနောက်ပိုင်း အီရန်နိုင်ငံဟာ အာရပ်နိုင်ငံအတော်များများမှာ သူ့ ကိုယ်စားပြုလက်နက်ကိုင်များကို လျှို့ဝှက်ပြည်ပစစ်ဆင်ရေးအထူးတပ်မှူး ကာဆင်စူလမန်နီရဲ့ ကြိုးကိုင်လမ်း ညွှန်မှုနဲ့ ကြားခံအဖြစ် နှစ်ပေါင်းများစွာ မွေးမြူလှုပ်ရှားခဲ့ပါတယ်။

သူ့နိုင်ငံဟာ အစ္စရေးနဲ့ အမေရိကန် ဆန့်ကျင်ရေးလုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံနေခြင်း မှန်ကန် ပေမယ့် အဲဒီလိုကိုယ်စားပြုလက်နက်ကိုင်များနဲ့ တိုက်ခိုက်ဖို့ ညွှန်ကြားခဲ့ဖူးခြင်း မရှိကြောင်း အီရန်က ငြင်းဆိုပါ တယ်။ ဒါပေမယ့် အီရန်ရဲ့လက်နက်များနဲ့ သူတို့လေ့ကျင့်ထောက်ပံ့ပေးထားသူတို့ဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်း ပျံ့နှံနေကြောင်း တွေ့ရပါတယ်။

အီရန်ဟာ ဂါဇာကမ်းမြှောင်အတွင်း ပါလက်စတိုင်း ဟားမတ်စ်တို့နဲ့ ဂျီဟတ်ဝါဒီစစ်သွေးကြွတွေကို ထောက်ခံပါ တယ်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်မီးပွားစ တစ်ခုဖြစ်တဲ့ အောက်တိုဘာ ၇ ရက် အစ္စရေးနိုင်ငံအတွင်း တိုက် ခိုက်မှုမှာလည်း ပါ၀င်ပတ်သက်နေပါတယ်။ အစ္စရေးသိမ်းပိုက်မှု ဆန့်ကျင်ရေးပါလက်စတိုင်း ခုခံစစ်မှာ အတက်ကြွ ဆုံးအဖြစ် ရပ်တည်နေပါတယ်။ 

အီရတ်နိုင်ငံကို အမေရိကန်သိမ်းပိုက်ထားစဉ်အတွင်း အီရန်ဟာ အီရတ်ရှိ ရှီးယိုက်စစ်သွေးကြွများကို အထောက် အပံ့ပေးခဲ့ပြီး ချိတ်ဆက်မှုများ ဆက်လက်ပြုလုပ်နေပါတယ်။ ဘဂ္ဂဒက်က ဒဏ်ခတ်ပ်ိတ်ဆို့ထားတဲ့ အင်အား ၁၅၀,၀၀၀ ရှိ “လူထုစည်းရုံးရေးတပ် “ PMF ခေါ် အီရတ်စစ်တစ်ပိုင်းလက်နက်ကိုင်များဟာ အီရန် အပေါ်သစ္စာခံပြီး တီဟီရန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။ PMF တို့ဟာ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန် စစ်စခန်းများကို ဒုံးကျည်များနဲ့ ပစ်ခတ်ခဲ့ပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံဟာ အီရတ်နဲ့ လက်ဘနွန်ကြားရှိ အီရန်ကိုယ်စားပြု လက်နက်ကိုင်များအတွက် အဓိက လမ်း ကြောင်းဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ပြည်တွင်းစစ်စတင်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားဟာ သမ္မတ ဘာရှာ_အယ်လ် _အာဆတ်ကို ကျားကန်ပေးဖို့အတွက် အီရန်ဟာ အီရတ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့မှ စစ်အကြံပေးများ၊ တိုက်ခိုက်ရေးသမားများကို ဖြန့်ချထားနိုင်ဖို့ ကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ လက်ဘနွန်ပြည်သူ့စစ် ဟစ်ဇ် ဘိုလာတို့ဟာ အာဆတ် အာဏာတည်မြဲရေးအတွက် ပါ၀င်တိုက်ခိုက်ပေးနေပြီး ဆီးရီးယားနိုင်ငံတဝှမ်းလုံးမှာ တပ်စွဲထားဆဲဖြစ်ပါတယ်။

လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတို့ဟာ အီရန်ရဲ့သစ္စာအရှိဆုံး စစ်သွေးကြွမဟာမိတ်ဖြစ်ပါတယ်။ အစ္စရေးကို တိုက်ခိုက် ဖို့အတွက် ၁၉၈ဝ ပြည့်လွန်နှစ်များအတွင်း လက်ဘနွန်မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့စစ်များဖြစ်ပါတယ်။ ခေတ်မီ စစ်လက်နက်များ သောင်းနဲ့ချီတဲ့ရော့ကက်များကို ပိုင်ဆိုင်ပြီး ဆီးရီးယားစစ်မြေပြင် ဆွန်နီအစ္စလာမ်မစ်နဲ့ ယှဉ်ပြိုင်စစ်တိုက်ခဲ့ဖူးတဲ့အတွေ့အကြုံနဲ့ လေ့ကျင့်သားပြည့်ဝသူများဖြစ်ပါတယ်။ လက်ရှိဟစ်ဇ်ဘိုလာ တို့ဟာ လက်ဘနွန်နယ်စပ်တစ်လျှောက် အစ္စရေးတို့နဲ့ တိုက်ခိုက်နေပါတယ်။ 

ယီမင်ရှိ ဟူသီအုပ်စုဟာ  ယီမင်နိုင်ငံ နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပြီး စစ်ဒဏ်ကြောင့် ပြာပုံဖြစ်နေတဲ့ ပင်လယ်ကွေ့နိုင်ငံကို လွှမ်းမိုးရန်အတွက် ၂ဝ၁၄ ခုနှစ်မှာ ဆော်ဒီကျောထောက်နောက်ခံပြု ယီမင်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပါတယ်။ ရှီယိုက် အီရန်ဟာ သူ့ရဲ့ပင်လယ်ကွေ့ပြိုင်ဘက် ဆွန်နီဆော်ဒီကို တိုက်ခိုက်ရာမှာ ဟူသီများကို ပထမဆုံး ကျောထောက်နောက်ခံပေးခဲ့ပါတယ်။ ဟူသီအဖွဲ့ရဲ့တရားဝင်အမည်ဖြစ်တဲ့ အန်ဆာ အလ္လာဟ်တို့ဟာ ယခုအခါ အစ္စရေးနဲ့ပင်လယ်နီရေပြင်ရှိ ကုန်သွယ်ရေကြောင်းသင်္ဘောများနဲ့ ရေနံတင်သင်္ဘော များကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့အတွက် ယီမင်ရှိ ဟူသီပစ်မှတ်များကို အမေရိကန်နဲ့ ညွန့်ပေါင်းရေတပ်က တိုက်ခိုက်နေပါတယ်။

အီရန်ရဲ့ယခုတိုက်ခိုက်မှုဟာ အစ္စရေး-ဂါဇာစစ်ပွဲနဲ့ သွယ်ဝှိုက်ဆက်စပ်နေပါတယ်။ အစ္စရေးရဲ့ ဗုံးကြဲ တိုက် ခိုက်မှုနဲ့ ဂါဇာကို ကျူးကျော်ရာမှာ ရန်သူနဲ့ ပူးပေါင်းသူများအပေါ် တီဟီရန်ကိုယ်စားပြု “ခုခံ ရေး_၀င်ရိုးတန်း” တို့ရဲ့ လက်တုန့်ပြန်ခြင်းဖြစ်ပြီး ပါလက်စတိုင်းတို့အပေါ် အစ္စရေးရဲ့ထိုးစစ်ဆင်မှုကို ရပ်တန့်မှသာ ဟူသီ၊ ဟစ်ဇ် ဘိုလာနဲ့ အခြားအုပ်စုများက သူတို့ရဲ့တိုက်ခိုက်မှုများကို ရပ်တန့်မှာဖြစ်ကြောင်း ညွှန်ပြနေပါတယ်။

အီရန်နဲ့ သူ့နိုင်ငံကိုယ်စားပြုလက်နက်ကိုင်တို့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသ အစ္စရေးဗုံးကြဲတိုက်ခိုက်မှုကို ရပ်တန့် ရန်နဲ့ ဒေသအတွင်းမှ အမေရိကန်တပ်များကို အပြီးတိုင်မောင်းထုတ်ရန် ရည်မှန်းချက်မှာ တူညီကြပါတယ်။ အဲဒါအပြင် သူတို့မှာ သက်ဆိုင်ရာဒေသအလိုက် အကျိုးစီးပွားတွေ ရှိနေပါတယ်။

ဟစ်ဇဘိုလာအဖွဲ့ဟာ လက်ဘနွန်မှာ သြဇာအာဏာအရှိဆုံးအဖွဲ့ဖြစ်ပြီး အချုပ်အနှောင်မရှိတဲ့ စီးပွားရေးစနစ်နဲ့ ရပ်တည်နေပါတယ်။ သူ့ပြည်တွင်းရပ်တည်ချက်ကို စိန်ခေါ်ရာရောက်တဲ့ အစ္စရေးနဲ့ အကြိတ်အနယ်စစ် ခင်းဖို့အထိ တော့ ရှောင်ရှားလိုပါတယ်။


ဟူသီတို့ကတော့ ယီမင်တစ်နိုင်ငံလုံးကို ချုပ်ကိုင်ထားရန် ကြိုးပမ်းနေပြီး သူတို့ရဲ့စစ်ရေးစွမ်းရည်နဲ့ ဒေသအတွင်း အရေးပါသူများဖြစ်ကြောင်း အခိုင်အမာဖော်ပြဖို့အတွက် စစ်ပွဲကို နောက်ဆုံးနည်းလမ်းအဖြစ် အသုံး ပြုနေတယ်လို့ လေ့လာသူများက ယုံကြည်ပါတယ်။ ဒီနေရာမှာ ဟူသီတို့ရဲ့လုပ်ရပ်များအပေါ် အီရန်ရဲ့ထိန်းချုပ်မှု အတိုင်းအတာ ဟာ ငြင်းခုံစရာဖြစ်နေပါတယ်။

PMF တွေကတော့ အီရတ်နိုင်ငံရဲ့ စီးပွားရေးမှာ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းများကို လွှမ်းမိုးထားခြင်းဖြင့် ဘဏ္ဍာ ငွေကြေးတောင့်တင်းသူများဖြစ်နေပါတယ်။ အီရန်အပေါ် သစ္စာစောင့်သိသော အုပ်စုများဟာ တီဟီရန်ရဲ့ အမိန့် ကို လိုက်နာကြပေမယ့် အခြားသူတို့ရဲ့ငွေကြေးနဲ့ အာဏာအပေါ် ငမ်းငမ်းတက်ခြင်းက အီရတ်နိုင်ငံအတွင်း PMF အဖွဲ့တစ်ခုလုံးအနေနဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို နှောင့်နှေးစေတယ်လို့ ယုံကြည်ရပါတယ်။ 

အီရန်နိုင်ငံမှာလည်း ပြည်တွင်းပြဿနာများရှိနေပါတယ်။ ၂၀၂၂-၂၀၂၃ ခုနှစ် ဆန္ဒပြမှုတွေဟာ တစ်နိုင်ငံလုံး ပျံ့နှံ့သွားပြီး အစိုးရအနေနဲ့ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းရတဲ့ အဖြစ်ကို ရောက်ရှိသွားပါတယ်။ ဂျိုင်းရှ် အူလ် အဒူလ် ဆွန်နီစစ်သွေးကြွတွေသောင်းကျန်းမှုနဲ့ ကာမန်မြို့ ဗုံးပေါက်ကွဲမှုတွေဟာ ပြည်တွင်း လုံခြုံရေးနဲ့ပတ်သက်လို့ နိုင်နင်းစွာကိုင်တွယ်နိုင်ခြင်း ရှိ-မရှိ အဖြေပေးရတော့မှာ ဖြစ်ပါတယ်။


မကြာသေးမီနှစ်များအတွင်း ရုရှားနဲ့ အီရန်တို့ဟာ အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုများအောက် နိုင်ငံတကာ အထီးကျန် ဘဝတူများအဖြစ် ဝါရှင်တန်ရဲ့ကမ္ဘာ့လွှမ်းမိုးမှုကို ဆန့်ကျင်ခဲ့ကြပါတယ်ည်။ ယူကရိန်းမြို့တွေကို ချေမှုန်းဖို့ အီရန်က မော်စကိုကို ဒရုန်းတွေ ထောက်ပံ့ပေးနေပြီး နှစ်နိုင်ငံစလုံးဟာ သူတို့ရဲ့မဟာမိတ်သမ္မတ အာဆတ်ကို ကယ်တင်ဖို့ ဆီးရီးယားအရေးမှာ ပါ၀င်ပတ်သက်နေပါတယ်။ အီရန်-ပါကစ္စတန် စစ်ပွဲဖြစ်ပွားမှုအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း ရုရှားက  ထုတ်ဖော်ပြောဆိုပြီး တီဟီရန်နဲ့ အစ္စလာမာဘတ်တို့အကြား ကွဲလွဲမှုများကို သံခင်းတမန်ခင်းအရ ဖြေရှင်းရန် တောင်းဆိုထားပါတယ်။

အီရန်အနေနဲ့ အမေရိကန် သို့မဟုတ် အစ္စရေးနဲ့ တိုက်ရိုက်စစ်ရေးအရ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားလို ကြောင်း အနောက်နိုင်ငံများနဲ့ ဒေသတွင်းနိုင်ငံရေးလေ့လာသူတို့က အခိုင်အမာယုံကြည်ကြပါတယ်။ ဒါပေမယ့် ရန်သူရဲ့ စစ်ဘက်နှစ်ခုလုံးကို ဒေသတွင်း ထိန်းထားနိုင်ဖို့အတွက် ကိုယ်စားပြုလက်နက်ကိုင်အုပ်စုများကို အသုံးချဖွယ် ရှိနေ ပါတယ်။ ဒီနေရာမှာ အန္တရာယ်အကြီးဆုံးက အီရန်နဲ့ သူ့ကိုယ်စားပျြုအုပ်စုများက တစ်ဖက် (သို့မဟုတ်) အမေရိကန်နဲ့ သူရဲ့မဟာမိတ်များက မှားယွင်းစွာ တွက်ချက်မှုကြောင့် အမေရိကန်စစ်သားများ သေဆုံးရတဲ့ တိုက်ခိုက်မှုမျိုးဖြစ်လာခဲ့ရင် အရှေ့အလယ်ပိုင်းပဋိပက္ခဟာ စစ်မီးတောက်အဖြစ် အချိန်မရွေး ပြောင်းလဲနိုင်ပါ တယ်။ 

#အီရန်နှင့်အိမ်နီးချင်းနိုင်ငံများပဋိပက္ခ #လူထုစည်းရုံးရေးတပ် #PMF #ဂျိုင်းရ်ှအူလ်အဒူလ်ဆွန်နီစစ်သွေးကြွ

(Reuters., 19 January 2024,” What is behind Iran-Pakistan attacks and could conflict escalate?” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုဘိုင်းငွေပေးချေမှုမှ ငွေကြေးလိမ်လည်မှု မှုခင်းများဖြေရှင်းရာ၌ ထိရောက်စွာဖြေရှင်းနိုင်ခြင်းမရှိသေးဟု စီမံဘဏ္ဍာဝန်ကြီးဆို

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved