နည်းပညာတက္ကသိုလ်/သိပ္ပံများ၌ EV ဆိုင်ရာ သင်ရိုး ညွှန်းတမ်းများကို ထည့်သွင်းသင်ကြားရန် ဆောင်ရွက်နေ
ယွန်း (NSS) - ဇန်နဝါရီ ၂၀
နည်းပညာတက္ကသိုလ်/ သိပ္ပံများ၌ EV ဆိုင်ရာ သင်ရိုး ညွှန်းတမ်းများကို ထည့်သွင်းသင်ကြားရန် ဆောင်ရွက်နေကြောင်း သိရသည်။
သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဇန်နဝါရီလ(၁၉)ရက်တွင် ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည့် EV အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး ဟောပြောပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် နည်းပညာတက္ကသိုလ်/ သိပ္ပံများတွင် EV ဆိုင်ရာ သင်ရိုးညွှန်းတမ်းများပါ ထည့်သွင်းပြီး နိုင်ငံတော်က အမှန်တကယ် အားထားရသည့် EV နည်းပညာရှင်များ ဖြစ်ထွန်းလာသည်အထိ မျှော်မှန်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြင်ဦးလွင်မြို့တော်ကို smart city အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး နှင့် မီးခိုးမထွက်သော သဘာဝခရီးသွားလုပ်ငန်းများ ပီပြင်စွာ ဖော်ဆောင်နိုင်ရေးတို့အတွက် EV အသုံးပြုမှုကို အားပေးမြှင့်တင်မည်ဖြစ်ကြောင်း ဒေါက်တာအောင်ဇေယျက ဆက် လက်ပြောကြားထားသည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ ရေး ဆွဲကာ ပြည်ပနိုင်ငံများထံမှတစ်ဆင့် EV ကားများကို တင်သွင်းခွင့်ပြုခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအထိ မှတ်ပုံတင်ထားပြီးဖြစ်သည့် EV ယာဉ်များအနေဖြင့် လူစီးကား (၁၅ဝ၉)စီး၊ EV ကုန်တင်ယာဉ် (၂)စီး၊ နှစ်ဘီးတပ် EV ယာဉ် (၂၃၆၂)စီး နှင့် သုံးဘီးတပ် EV ယာဉ် (၂၂၆)စီး ရှိကြောင်း သိရသည်။
EV ယာဉ်အသုံးပြုမှုနှင့်ပတ်သက်၍ ၂ဝ၂၅ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်း၊ ၂ဝ၃ဝ ပြည့်နှစ်တွင် ၃၂ ရာခိုင်နှုန်း၊ ၂ဝ၄ဝ ပြည့်နှစ်တွင် ၇၆ ရာခိုင်နှုန်းနှင့် ၂ဝ၅ဝ ပြည့်နှစ်တွင် ၁ဝဝ ရာခိုင်နှုန်းသို့ ရောက်ရှိရန် နစကဘက်က မျှော် လင့်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်ပြခဲ့ဟု အီရန်စစ်တပ်ပြော
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း