ချီလီနိုင်ငံတွင် ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၁၇
ချီလီနိုင်ငံအလယ်ပိုင်းရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဂျက်လေယာဉ်တစ်စင်းပျက်ကျကာ မီးလောင်ခဲ့ခြင်း ကြောင့် လေယာဉ်မှူးသေဆုံးခဲ့ပြီး မြေပြင်ပေါ်ရှိလူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များ က ပြောကြားခဲ့သည်။
Air Andes SPA မှ ပိုင်ဆိုင်သော Ayres Trush S2R-T ဂျက်လေယာဉ်သည် Talca မြို့ Panguilemo လေယာဉ်ကွင်းအနီးရှိ အဝေးပြေးလမ်းမပေါ်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ချီလီနိုင်ငံ အရပ်ဘက်လေကြောင်းဆိုင်ရာအထွေထွေညွှန်ကြားရေးမှူးရုံးက ပြောကြားခဲ့သည်။
ဂျက်လေယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦးတည်းသာ လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး မတော်တဆမှုအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါလေယာဉ်မှူးသေဆုံးမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းမိကြောင်း စာတစ်စောင်ကို ၎င်း၏ မိသားစုထံသို့ အရပ်ဘက်လေကြောင်းဆိုင်ရာအထွေထွေညွှန်ကြား ရေးမှူးရုံးက ပေးပို့ခဲ့ကြောင်းလည်းသိရသည်။
ယင်းမတော်တဆမှုဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရ သေးကြောင်းလည်း သိရသည်။ အဆိုပါမတော်တဆမှုအတွင်း သေဆုံးခဲ့သော လေယာဉ်မှူးမှာ ဖာနန်ဒိုဆိုလန် ဆိုသူဖြစ်ပြီး တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာတွင် ကူညီပေးနေသူတစ်ဦးဖြစ်ကြောင်း အမျိုးသားသစ်တော ကော်ပိုရေးရှင်း(CONAF) က ပြောကြားခဲ့သည်။
ထို့အပြင် ဂျက်လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်ပေါ်ရှိလူ(၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖာနန်ဒိုဆိုလန်သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်မိကြောင်း ချီလီသမ္မတ ဂါဘရီရယ်ဘိုးရစ် က ပြောကြားခဲ့သည်။
၎င်းက "နှစ်စဉ်လူထောင်ပေါင်းများစွာဟာ တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ဖို့ ခက်ခဲတဲ့ တာဝန်ကို ထမ်းဆောင်နေကြပါတယ်။ ဒီနေ့မှာတော့ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာမှာ [CONAF] ကို ကူညီပေးနေတဲ့ လေယာဉ်မှူးဖာနန်ဒိုဆိုလန်ဟာ သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရွေးကောက်ပွဲများက အတုအယောင်သာဖြစ်ကြောင်း ရုရှားသမ္မတ ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ