အမေရိကန်ရွေးကောက်ပွဲများက အတုအယောင်သာဖြစ်ကြောင်း ရုရှားသမ္မတ ပြော
Pika (NSS) - ဇန်နဝါရီ ၁၇
ရုရှားနိုင်ငံ၏ ဒေသသစ်များရှိ ရွေးကောက်ပွဲများသည် ရိုးသားပွင့်လင်းမှုရှိပြီး အမေရိကန်တွင် လုပ်ဆောင်သကဲ့သို့ mail ဖြင့် မဲပေးခြင်းမျိုးမဟုတ်ဘဲ လူကိုယ်တိုင် မဲပေးခြင်းမျိုးသာဖြစ်ကြောင်း ရုရှားသမ္မတပူတင် က ပြောကြားခဲ့သည်။
ရုရှားသမ္မတပူတင်သည် မော်စကိုမြို့တွင် မြူနီစီပယ်ပညာတတ်များနှင့်တွေ့ဆုံစဉ်အချိန်အတွင်း ၂ဝ၂ဝ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ဒီမိုကရေစီမဖြစ်သင့်သည့် ဥပမာတစ်ခုအဖြစ် ဖော်ပြပြောဆိုခဲ့ကြောင်း သိရသည်။
"အမေရိကန်ရွေးကောက်ပွဲဟာ အတုအယောင်တွေဖြစ်နိုင်တယ်ဆိုတာ သိသာပါတယ်။ အမေရိကန်မှာ ယခင်က လုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာ mail နဲ့ မဲပေးခြင်းဟာ အတုအယောင်တွေပဲဖြစ်ပါတယ်။ mail နဲ့ မဲပေးခြင်းဟာ ဘယ်လိုဆိုတာ သိသာပါတယ်။ သူတို့တွေဟာ မဲတွေကို အမေရိကန်ဒေါ်လာ(၁ဝ)ဒေါ်လာနဲ့ဝယ်ယူပြီး မဲပေးခဲ့ကြတယ်။ ပြီးတော့ အကဲခတ်သူတွေရဲ့ကြီးကြပ်မှုတွေမရှိဘဲ mailboxes ဆီကို ပေးပို့ခဲ့ကြတယ်။ mail နဲ့ မဲပေးတယ်ဆိုတာ ဒီလိုပါပဲ" ဟု သမ္မတပူတင်က ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ်တွင် ရုရှားနှင့်ပူးပေါင်းခဲ့သော ခါဆွန်၊ ဇာပိုရိုဇီ၊ ဒွန်းညက်စ် နှင့် လူဟန့်စ်ဒေသတို့တွင် မဲပေးခြင်း နှင့် ပတ်သက်သည့်မေးခွန်းများကို ပူတင်က ယခုကဲ့သို့တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်သည်။ ပူတင်က "ဘယ်သူကမှ သူတို့ကို ဒီလိုမဲပေးဖို့ တွန်းအားမပေးခဲ့ပါဘူး၊၊ သူတို့ရဲ့စိတ်ဆန္ဒနဲ့ ကိုယ်တိုင်မဲပေးခဲ့ကြတာပါ။ ဒီမိုကရေစီဆိုတာ ဘာလဲ။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက သူတို့တွေရဲ့ဆန္ဒတွေကို ထုတ်ဖော်တဲ့အချိန်ပါပဲ" ဟု ပြောခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံရှိ ပြည်နယ်အများအပြားသည် ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားနေမှုကို ကိုးကား ပြီး mail ဖြင့် မဲပေးခွင့်ပြုလုပ်ရန် ၎င်းတို့ရွေးကောက်ပွဲစည်းမျဉ်းများကို ပြောင်းလဲခဲ့ကြောင်း သိရသည်။ နောက်ဆုံး တရားဝင်ရလဒ်များအရ ဒီမိုကရက်တစ်ပါတီဝင်ဖြစ်သော ဂျိုးဘိုင်ဒန်သည် မဲ(၈၁)သန်းဖြင့် ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့ပြီး အမေရိကန်သမိုင်းတစ်လျှောက် မဲအများဆုံးရရှိမှုတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ၏ လူဦးရေ (၂)နှစ်ဆက်တိုက် ကျဆင်း
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း