တရုတ်နိုင်ငံ၏ လူဦးရေ (၂)နှစ်ဆက်တိုက် ကျဆင်း
Pika (NSS) - ဇန်နဝါရီ ၁၈
တရုတ်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းမှုများ နှင့် လူသေဆုံးစေခဲ့သည့် ကိုဗစ်(၁၉)ကပ်ရောဂါ လှိုင်းလုံးများကြောင့် ၂ဝ၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လူဦးရေမှာ (၂)နှစ်ဆက်တိုက် ကျဆင်းသွားခဲ့ကြောင်း သိရသည်။
အမျိုးသားစာရင်းအင်းဗျူရို၏ ပြောကြားချက်အရ ၂ဝ၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ (၂ ဒသမ သုည ၈) သန်း (သို့မဟုတ်) သုည ဒသမ ၁၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး (၁ ဒသမ ၄၁) ဘီလျံသာရှိတော့ကြောင်း သိရသည်။
အဆိုပါ လူဦးရေကျဆင်းမှုသည် မော်စီတုန်းခေတ်တွင် ဖြစ်ပွားခဲ့သော အစားအစာ မလုံလောက်မှုကာလ ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂ဝ၂၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူဦးရေ(၈)သိန်းခွဲ ကျဆင်းမှုထက် ပိုမိုဆိုးရွားကြောင်းလည်း သိရသည်။
တရုတ်အာဏာပိုင်များသည် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလတွင် သုံးနှစ်ကြာ တင်းကျပ်ထားသော ကိုဗစ်(၁၉)ကပ်ရောဂါ ကာကွယ်ရေးအစီအစဉ်များကို လျှော့ချခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှု သိသိသာသာမြင့်တက်လာခြင်းများကို ကြုံတွေ့ခဲ့ရကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း စုစုပေါင်းသေဆုံးမှုမှာ (၆ ဒသမ ၆) ရာခိုင်နှုန်းမှ (၁၁ ဒသမ ၁) သန်းအထိ မြင့်တက်ခဲ့ပြီး ယဉ်ကျေးမှုတော်လှန်ရေးကာလ ၁၉၇၄ ခုနှစ် နောက်ပိုင်း သေဆုံးမှုနှုန်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ကလေးမွေးဖွားမှုနှုန်းမှာ (၅ ဒသမ ၇) ရာခိုင်နှုန်းမှ (၉ ဒသမ သုည ၂) သန်းသို့ ကျဆင်းသွားခဲ့ပြီး ၂ဝ၂၂ ခုနှစ်တွင် လူ(၁ဝဝဝ)လျှင် မွေးဖွားမှုနှုန်း (၆ ဒသမ ၇၇) ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂ဝ၂၃ ခုနှစ်တွင် မွေးဖွားနှုန်းမှာ (၆ ဒသမ ၃၉) ရာခိုင်နှုန်းသို့ စံချိန်တင် ကျဆင်းသွားခဲ့ကြောင်း သိရသည်။
၁၉၈ဝ ပြည့်နှစ် နှင့် ၂ဝ၁၅ ခုနှစ်ကာလအတွင်း အကောင်အထည်ဖော်ခဲ့သော ကလေးတစ်အိမ်ထောင်မူဝါဒ နှင့် အဆိုပါကာလအတွင်း မြို့ပြများတွင် နေထိုင်သူအချိုးအစားတိုးလာခြင်းကြောင့် နိုင်ငံအတွင်း မွေးဖွားမှုနှုန်းမှာ ဆယ်စုနှစ်များစွာ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ မွေးဖွားမှုနှုန်းသည် ၂ဝ၂၂ ခုနှစ်တွင် လူ(၁ဝဝဝ)လျှင် (၆ ဒသမ ၃) ရာခိုင်နှုန်းရှိခဲ့ပြီး တောင်ကိုရီးယား၏ မွေးဖွားမှုနှုန်းမှာ (၄ ဒသမ ၉) ရာခိုင်နှုန်းဖြစ် ကြောင်းလည်း သိရသည်။
မီချီဂန်တက္ကသိုလ်မှ လူဦးရေစာရင်းပညာရှင် Zhou Yun က "မွေးဖွားမှုနှုန်းနည်းတဲ့ အခြားနိုင်ငံတွေကနေ လေ့လာ တွေ့ရှိရတာကတော့ မွေးဖွားမှုနှုန်းကျဆင်းမှုက ပြန်လည်မြင့်တက်လာအောင်လုပ်ဆောင်ဖို့ အရမ်းခက်ခဲပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပရီးမီးယားလိဂ်မှာ ကစားလိုကြောင်း ထုတ်ဖော်ပြောဆိုလာတဲ့ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုရှီမန်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း