ရန်ကင်းမြို့နယ်၌ ညီအစ်ကိုချင်း စကားများရာမှ အစ်ကိုဖြစ်သူ ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံး
စော (NSS)- ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်တွင် ညီအစ်ကိုချင်း စကားများရာမှ အစ်ကိုဖြစ်သူ ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၁၆ ရက်)၊ ညနေ (၆)နာရီခွဲဝန်းကျင်အချိန်တွင် ရန်ကင်းမြို့နယ်၊ (၄)ရပ်ကွက်၊ ရန်နိုင် (၆) လမ်း၊ စာတိုက်မှတ်တိုင်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးစေတနာပရဟိတအသင်း(ရန်ကုန်)ထံမှ သိရသည်။
“ညီအစ်ကိုအရင်းချင်းစကားများတယ်လိုပဲသိထားတာပါ။ ညီက ထိုးလိုက်တာပါ။ ပေါင်ကိုထိုးပြီးတော့ သွေးထွက်လွန်ပြီး ဆုံးသွားတာပါ။ အခင်းဖြစ်ပွားတဲ့နေရာမှာပဲဆုံးသွားတာပါ။ ကောင်လေးကို ချက်ချင်းဖမ်းမိတယ်လို့ကြားတယ်။ အိမ်ထဲကနေ ဝင်ဖမ်းသွားတာ ကောင်လေးက မပြေးဘူး”ဟု မိုးစေတနာပရဟိတအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြော သည်။
လက်ရှိတွင် ၎င်း၏ ရုပ်အလောင်းအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်အားသုံးခြိမ်းခြောက်မှုများမှာ ထိုင်ဝမ်ပြည်သူအများစုကို ရည်ရွယ်ခြင်းမျိုးမဟုတ်ကြောင်း တရုတ်အစိုးရပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ