မိုးကောင်းမြို့နယ်၌ (၁၂)ဘီးကားပေါ်ရှိ ဆီပီပါများအတွင်း ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားရာ ကားတစ်စီးလုံး မီးလောင်ဆုံးရှုံး
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ TOP STAR စက်သုံးဆီဆိုင်၌ (၁၂)ဘီးကားပေါ်ရှိ ဆီပီပါများအတွင်း ဆီဖြည့်နေစဉ် အပူလွန်ပြီး မီးလောင်မှုဖြစ်ပွားရာ ကားတစ်စီးလုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း မိုးကောင်းမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ မီးလောင်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၁၆ ရက်)၊ ညနေ ၃ နာရီခွဲအချိန်ခန့်က မိုးကောင်းမြိုနယ်၊ အုန်းဘောင် ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်တာက ကားပေါ်က ဆီပီပါတွေကို ဆီဘောက်ဆာကနေ ဆီဖြည့်နေရင်းနဲ့ အပူလွန်ကဲပြီးလောင်တာပေါ့။ အဲဒီကနေမှ ကားကိုကူးဆက်လောက်ကျွမ်းသွားတာပါ” ဟု မိုးကောင်းမြို့ နယ်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြော သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း (၁၂)ဘီးကားပေါ်မှ ဆီပီပါအနည်းငယ် နှင့် (၁၂)ဘီးကားတစ်စီးလုံး မီးလာင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“လူထိခိုက်တာလည်းမရှိခဲ့ပါဘူး။ ဆီဆိုင်ကိုမီးဟတ်သွားတာတော့ရှိတယ်။ ပြီးတော့အများကြီးလောင်တာလည်းမဟုတ်ပါဘူး။ ဆီဖြည့်ပေးတဲ့ကားကတော့ မီးလောင်တာနဲ့တန်းမောင်းပြေးတော့လွတ်သွားတယ်။ ဆီပီပါတွေမီးကူးတာတော့ရှိပေမဲ့ အကုန်လောင်တာမျိုးတော့ မရှိပါဘူး။ ဒီဇယ်ဆိုတော့ အများကြီးမလောင်ပါဘူး။ လူအားနဲ့ ကားပေါ်ကဆီပီပါတွေ ချပြီး အအေးပေးလိုက်တော့ မလောင်ခဲ့ပါဘူး။ ဆီယိုဖိတ်တာတော့ရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလာင်မှုဖြစ်စဉ်အား မိုးကောင်းမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များမှပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ(၄) နာရီအချိန်တွင် မီးငြှိမ်းနိုင်ခဲ့ပြီး ငွေကျပ်သိန်း(၁၀၀၀) ဖိုးဝန်း ကျင် မီးလောင်ပျက်ဆီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တိုက်လေယာဉ်များက ယီမင်ရှိဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ