အမေရိကန်တိုက်လေယာဉ်များက ယီမင်ရှိဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်
Pika (NSS) - ဇန်နဝါရီ ၁၇
အမေရိကန်တိုက်လေယာဉ်များသည် ဇန်နဝါရီလ(၁၆)ရက်တွင် ယီမင်ရှိဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် ဇန်နဝါရီလ(၁၅)ရက်တွင် အမေရိကန်ပိုင်ကွန်တိန်နာသင်္ဘောတစ်စီးကို ဒုံးကျည်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန် တပ်ဖွဲ့များသည် ယီမင်ရှိဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုများပြန်လည်လုပ်ဆောင်ခဲ့ပြီး ၎င်းတို့၏ သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်(၄)စင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
"အဲဒီဒုံးကျည်တွေဟာ ယီမင်မှာရှိတဲ့ဟူသီထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ပစ်လွှတ်ဖို့ ပြင်ဆင်ထားတာဖြစ်ပြီး ဒေသတွင်းမှာရှိတဲ့ ကုန်တင်သင်္ဘောတွေနဲ့ အမေရိကန်ရေတပ်သင်္ဘောတွေကို ခြိမ်းခြောက်မှုတွေရှိလာနိုင်ပါတယ်" ဟု အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့တို့သည် ဟူသီလက်နက်ကိုင်အဖွဲ့ကို ပထမဆုံးအကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် ပင်လယ်နီအတွင်းရှိ အမေရိကန်သင်္ဘောများ အပါအဝင် ကုန်တင်သင်္ဘောများ ကို တိုက်ခိုက်မှုများအား ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် အမေရိကန်အပြင် ၎င်း၏ မိတ်ဖက်နိုင်ငံများ နှင့် ပဋိပက္ခဖြစ်ပွားချင်နေခြင်းမျိုးသာဖြစ်ကြောင်း ကျွမ်းကျင်သူများက ယုံကြည်နေကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း