တာချီလိတ်မြို့တွင် မြေညှိယာဉ်တစ်စီး လမ်းချော်၍ ပေ(၁၅၀) ခန့်အနက်ရှိ ချောက်ထဲထိုးကျရာ အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံး
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၇
တာချီလိတ်မြို့တွင် မြေညှိယာဉ်တစ်စီး လမ်းချော်၍ ပေ(၁၅၀) ခန့်အနက်ရှိ ချောက်ထဲထိုးကျခဲ့ရာ ယာဉ်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသည့်အတွက် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဦးလှမိုးတာချီလိတ်လူမှုကူညီရေး အသင်းထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်)၊ ညနေ ၆ နာရီအချိန်ခန့်က တာချီလိတ်မြို့အဝင်၊ ဖားဟိကျေးရွာအနီး တောင်အဆင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းမြေညှိကားက ချောက်ထဲကို ချော်ပြီးပြုတ်ကျတာပါ။ အဲဒီအချိန်မှာ ကားပေါ်ပါတဲ့တစ်ယောက်က လန့်ပြီးခုန်ချတော့ ချောက်ထဲကျပြီး ဆုံးသွားတာပေါ့။ တစ်ယောက်ကတော့ ဒဏ်ရာတွေရသွားတယ်”ဟု ဦးလှမိုးတာချီလိတ်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ခုန်ချခဲ့သူသည် တာချီလိတ်မြို့၊ ဆန်ဆိုင်ဝမ်နိုင်ရပ်ကွက်တွင်နေထိုင်သူ အသက်(၃၅)နှစ်အရွယ် ကိုကျော်လင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ကျန်အမျိုးသားတစ်ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
သေဆုံးသူအမျိုးသား နှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းမှ တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးကောင်းမြို့နယ်၌ (၁၂)ဘီးကားပေါ်ရှိ ဆီပီပါများအတွင်း ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားရာ ကားတစ်စီးလုံး မီးလောင်ဆုံးရှုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ