ထုံးဘို-မြစ်ငယ်ကားလမ်း၌ အမျိုးသားတစ်ဦး ကားကြိတ်ခံရကာ ဦးခေါင်းကြေဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး မိသားစုကို ဆက်သွယ်ရန်ခက်ခဲနေ
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထုံးဘို-မြစ်ငယ်ကားလမ်းတွင် အမျိုးသားတစ်ဦး ကားကြိတ်ခံရခြင်းကြောင့် ဦးခေါင်းကြေကာ သေဆုံးသွားခဲ့ကြောင်း လောကပါလလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယနေ့(ဇန်နဝါရီလ ၁၇ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်က အမရပူရမြို့နယ်၊ ပြင်ဦးလွင်အတက်လမ်း၊ ထုံးဘို-မြစ်ငယ်ကားလမ်းရှိ မိုင်တိုင် အမှတ်(၃-၂ဖာလုံ)အနီး၌ အထက်ပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကားကြိတ်ခံရခြင်းကြောင့် မျက်နှာကို မှန်းဆမရတော့သည့် အတွက် မိသားစုကို ဆက်သွယ်ရန်လည်း ခက်ခဲနေကြောင်း အဆိုပါ အသင်းထံမှ သိရသည်။
“ကျွန်မတို့လည်း မြစ်ငယ်ရဲကဖုန်းဆက်ပြီးခေါ်လို့သွားခဲ့ရတာပါ။ ကားကြိတ်ခံရတာက အမျိုးသားတစ်ဦးဖြစ်ပြီး ဘယ်လိုကားက ကြိတ်သွားတယ် ဆိုတာလည်းမသိရသေးပါဘူး။ ကားလည်း မမိသေးဘူး”ဟု လောကပါလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် ကားကြိတ်ခံရသည့် အမျိုးသားသည် ဦးခေါင်းကြေမွပြတ်ဒဏ်ရာ၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာနှင့် အခြားထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားကြိတ်ခံရတဲ့အမျိုးသားက ခေါင်းတောင်မပါတဲ့အထိဖြစ်သွားတာ။ ဘယ်သူဘယ်ဝါထက် အသက်တောင် ခန့်မှန်းလို့ မရတဲ့အနေအထားပေါ့။ အရင်က အဲဒီနေရာတွေက ခဏခဏဖြစ်တတ်တဲ့နေရာတွေပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသားအား လောကပါလလူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ပြစ်မှုကျူလွန်သူအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံအကျိုးစီးပွားကို ကာကွယ်ဖို့ အကန့်သတ်မရှိကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ