နိုင်ငံအကျိုးစီးပွားကို ကာကွယ်ဖို့ အကန့်သတ်မရှိကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၇
အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Reza Ashtiani က အီရန်နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ ကန့်သတ်ချက်တွေမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အီရတ်ရှိ အစ္စရေးစပိုင်ထောက်လှမ်းရေးအဖွဲ့၊ ဆီးရီးယားရှိ အိုင်အက်စ်လက်နက်ကိုင်အဖွဲ့၊ ပါကစ္စတန်ရှိ အစွန်းရောက်လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကာကွယ်ရေးဝန်ကြီးဖြစ်သူက အခုလိုမျိုးပြောခဲ့တာပါ။
၎င်းက "အီရန်နိုင်ငံဟာ ကမ္ဘာတဝန်းမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကို လက်မခံဘူး။ ပြစ်တင်ရှုတ်ချပါတယ်။ အီရန်ပြည်သူတွေရဲ့အခွင့်အရေးကို ချိုးဖောက်မှုတွေရှိလာမယ်ဆိုရင် လက်တုံ့ပြန်မှာဖြစ်တယ်။ ကန့်သတ်ချက် တွေ ထားရှိမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အီရန်နိုင်ငံဟာ အခြားနိုင်ငံတွေရဲ့အကျိုးစီးပွားတွေကိုလေးစားလိုက်နာကြောင်း၊ ဒါပေမယ့် အီရန်ပိုင်နက် နယ်မြေအတွင်း မကောင်းတဲ့အရာတွေ လုပ်ဆောင်လာမယ်ဆိုရင် လက်ခံမှာမဟုတ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး က ပြောပါတယ်။ အီရန်နိုင်ငံဟာ လက်ရှိအချိန်မှာ အကွာအဝေး ၂ဝဝဝ ကီလိုမီတာအောက် ပစ်ခတ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်အမျိုးမျိုး ပိုင်ဆိုင်ထားကြောင်း၊ လိုအပ်လာမယ်ဆိုရင် အဲဒီဒုံးကျည်တွေကို အချိန်မရွေးသုံးစွဲဖို့ တွန့်ဆုတ် နေမှာမဟုတ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အီရတ်နိုင်ငံ နဲ့ ပါကစ္စတန်အစိုးရတို့က ဝေဖန်ပြစ်တင်ထားပြီး အကျိုးဆက်တွေ ပြန်ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအခြေအနေတွေဟာ တည်ငြိမ်မှုမရှိဘဲ ခက်ခဲရှုပ်ထွေးနေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုင်းတုံကို တိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်ခြင်းမှာ မဟုတ်မှန်ကြောင်း UWSA က ပြန်လည်ဖြေရှင်း
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း