ပြည်မြို့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၃)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လေဖြန်းနေသည့် အဘိုးအိုတစ်ဦး သေဆုံး
စော (NSS) - ဇန်နဝါရီ ၁၅
ပဲခူးတိုင်း၊ ပြည်မြို့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၃)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လေဖြန်းနေသည့် အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၁၅ ရက်)၊ ညနေ(၃)နာရီဝန်းကျင်အချိန်တွင် ပြည်မြို့၊ သန္ဓေပင်ရပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီ (ပြည်)ထံမှ သိရသည်။
“ဂတ်စ်အိုးပေါက်တယ်လို့ ပြောတယ်။ တိတိကျကျတော့ မသိရဘူး။ နေအိမ်(၃)လုံးပါသွားတယ်။ လေဖြန်းနေတဲ့ အဘိုးအိုတစ်ဦး သေသွားတယ်။ အိမ်ကနေပဲ သူကိုထုတ်မဲ့လူမရှိလို့ဖြစ်တာ။ မီးလောင်တော့ ပြာယာခတ်ပြီး ကျန်ခဲ့တာနေမယ်။ ကျန်ခဲ့တော့ မီးထဲပါပြီးဆုံးသွားတာ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီ(ပြည်)မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မီးလောင်မှုအား သက်ဆိုင်ရာမီးသတ်စခန်းများနှင့် ဒေသခံလူမှုကူညီရေးအသင်းများမှ (၄၅)မိနစ်ခန့်ကြာမြင့်အောင် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် အသက်(၆၀)ဝန်းကျင်အရွယ်ရှိ အဘိုးအိုတစ်ဦး သေဆုံးသွားခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား ပြည်မြို့နယ်ရှိ ကုတင် (၅၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲ ပြင်းထန်နေချိန်တွင် နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံကျင်းပရန် တရုတ်အစိုးရ တောင်းဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ