ကလောမြို့နယ်၌ (၆)ဘီးကားတစ်စီး ပေ(၃၀)ခန့်နက်သော ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းသေဆုံး
စော(NSS)- ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ နေကြာစေ့အိတ်များတင် ဆောင်လာသည့် (၆)ဘီးကားတစ်စီး ပေ(၃၀)ခန့်နက်သော ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်သည် ယမန်နေ့(ဇန်နဝါရီလ ၁၄ ရက်)၊ ညပိုင်းတွင် ကလောမြို့နယ်၊ ကလော-မိတ္ထီလာကားလမ်း၊ ဝက်ဖြူရေကျေး ရွာ အောက်ဘက် မဂွေဘုန်းကြီးကျောင်းအနီး၌ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း) ထံမှ သိရသည်။
၎င်း (၆)ဘီးကားသည် နေကြာစေ့အိတ်များ တင်ဆောင်လာပြီး အောင်ပန်းမြို့မှ မန္တလေးမြို့သို့ သွားနေစဉ် အခြားကားတစ်စီးအား ကျော်တက်ခဲ့ရာမှ ဘရိတ်မမိ၍ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားသည်အခင်း ဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ယာဉ်နောက်လိုက် အမျိုး သားသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“အဆင်းဆိုတော့ ကားကိုကျော်လိုက်တဲ့အချိန်မှာ ဘရိတ်ကမမိတော့ဘူး။ ဘရိတ်မမိတဲ့အခါမှာ ချောက်ထဲကို ကျသွားတဲ့သဘောပေါ့။ ယာဉ်မောင်းနဲ့ပါလာတဲ့ စပါယ်ယာကပြောတာ သူကတော့ မသေဘူး။ ယာဉ်မောင်းက ကားခေါင်းထဲမှာ ညပ်နေပြီဆိုကတည်းက ဆုံးပြီလို့ ကျွန်တော်တို့က သတ်မှတ်တာကို။ နောက်ပြီးညပ်နေလို့ ဒီအတိုင်းဆယ်လို့မရဘူး။ မနက်(၃)နာရီမှ ဆယ်လို့ရတာ”ဟု နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန် ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိုသို့ ကားခေါင်းခန်းအတွင်း ညပ်နေသည့်ယာဉ်မောင်းအား ကရိန်းကားဖြင့် (၆)နာရီခန့်ကြာမြင့်စွာ ရုပ်အလောင်းအား သယ်ထုတ်ခဲ့ရကြောင်း ၎င်းကထပ်မံပြောသည်။
သေဆုံးသူသည် ကိုကျော်ဇေယျ (၂၉)နှစ်ဖြစ်ပြီး ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း နေထိုင်သူဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ယာဉ်မောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်နောက် လိုက်တို့ကို နာရေးကူညီမှုအသင်း (အောင်ပန်း)မှ ကလောဆေး ရုံသို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၃)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လေဖြန်းနေသည့် အဘိုးအိုတစ်ဦး သေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ