ရှမ်းပြည်မှမန္တလေးသို့ သယ်ဆောင်လာသည့် ငွေကျပ် (၁ ဒသမ ၈)ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ပြင်ဦးလွင်၌ ဖမ်းဆီးရမိ
ယွန်း (NSS) - ဇန်နဝါရီ ၁၅
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (CCDAC MYANMAR) မှ ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၇)ရက်၊ ညနေ(၅)နာရီအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုဘက်မှ မန္တလေးဘက်သို့ စိုင်းလှရွှေ မောင်းလာသည့် TOYOTA HIACE မော်တော်ယာဥ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ ယာဥ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း CCDAC MYANMAR က ဆိုထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါသိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေး တိုင်းသို့ သယ်ဆောင်ခြင်းဖြစ်ပြီး စိုင်းလှရွှေအား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
လက်ရှိတွင် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ဆိုထားသည်။
ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ(၄)ရက်ကလည်း ပြည်ပသို့ ပို့ ဆောင်မည့် ငွေကျပ် (၃၆) ဘီလျံကျော်တန်ဖိုးရှိသော အိုက်စ်(မက်သ်အဖက်တမင်း)များကို တပ်မတော်(ရေ)က မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းနီအမျိုးသား (၄၀)ကျော်ကို PDF အမည်ခံ ကူကီးချင်းလက် နက်ကိုင်အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ဟု SNA ထုတ်ပြန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ