ရှမ်းနီအမျိုးသား (၄၀)ကျော်ကို PDF အမည်ခံ ကူကီးချင်းလက် နက်ကိုင်အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ဟု SNA ထုတ်ပြန်
မြူနစ် (NSS) - ဇန်နဝါရီ ၁၅
ရှမ်းနီအမျိုးသား (၄၀)ကျော်ကို PDF အမည်ခံ ကူကီးချင်းလက်နက်ကိုင်အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ရှမ်းနီအမျိုးသားများလက်နက်ကိုင်အဖွဲ့ SNA က ထုတ်ပြန်ထားသည်။
ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ(SNUC)နှင့် SNA သည် ယနေ့(ဇန်နဝါရီလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် PDF အမည်ခံ ကူကီးချင်းလက်နက်ကိုင်အဖွဲ့သည် စစ်ကိုင်းတိုင်း၊ အောင်ဇေ ယျမြို့၊ သနန်ရွာတွင် ရှမ်းနီအမျိုးသား အပြစ်မဲ့ပြည်သူ (၃၇)ဦးနှင့် ကလေးသူငယ်ပါမကျန်မိသားစုလိုက် သတ်ဖြတ်ခဲ့သည်ဟု SNA က ထုတ်ပြန်ထားသည်။
ထို့ပြင် ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင်လည်း ကူကီးချင်းလက်နက်ကိုင်အဖွဲ့သည် စစ်ကိုင်းတိုင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်မျဉ်းပေါ်ရှိ စံခပ်လော်ကျေးရွာတွင် သနန်ရွာသား ရှမ်းနီလူမျိုး (၄)ဦးကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်း SNA က ဆိုသည်။
အဆိုပါလုပ်ရပ်သည် လူမဆန်သည့်အပြင် လူမျိုးတစ်မျိုးမှ အခြားလူမျိုးအား အနိုင်ကျင့်ဗိုလ်ကျခြင်းဖြစ်ပြီး ရှမ်းနီလူမျိုးများ မျိုးသုန်းပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်သည့်အတွက် ၎င်းလုပ်ရပ်များကို SNA အဖွဲ့က ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချထားသည်။
ထို့ကြောင့် ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျိုးသည် လူမျိုးသုန်းသတ်ဖြတ်မှုမြောက်သည့်အတွက် PDF အမည်ခံ ကူကီးချင်းလက်နက်ကိုင်နှင့် ၎င်းတို့အား ပံ့ပိုးကူညီကြသော အဖွဲ့အစည်းများ၏ အလုံးစုံတာဝန်သာဖြစ်ကြောင်း SNA က သတိပေးထားသည်။
ရှမ်းနီဒေသအတွင်း နေထိုင်ကြသော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်စီးစေရန် လုပ်ကိုင်သော မည်သည့်အဖွဲ့အစည်းကိုမဆို တုံ့ပြန်တိုက်ထုတ်သွားမည်ဟုလည်း SNA က ကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇန်နဝါရီလ၌ ဈေးကွက်အတွင်း ရောင်းချရန် သတ်မှတ်ထုတ်ပြန်သော ဆန်ဈေးနှုန်းများ ယခင်လထက် ပိုမိုမြင့်တက်လာ
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ