ဗာဂျီးနီးယားလှိုဏ်ဂူတစ်ခုမှာ အမျိုးသမီးတစ်ဦး ပေ ၁၀၀ နီးပါးထိ ပြုတ်ကျသေဆုံး
ရောင်နီ (NSS) - ဇန်နဝါရီ ၁၅
အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်ရှိ ဂူတစ်ခုအတွင်းမှာ ပေ ၁၀၀ နီးပါးအမြင့်မှ ပြုတ်ကျခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။
အဆိုပါဖြစ်ရပ်ဟာ သောကြာနေ့(ဇန်နဝါရီ ၁၂ ရက်) က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနေ့ ညနေ ၄ နာရီ ၁၃ မိနစ်ခန့်မှာပဲ အရေးပေါ် ဖုန်းခေါ်ဆိုမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖုန်းခေါ်ဆိုမှုကို Pearisburg မီးသတ်ဌာနနဲ့ Giles ကယ်ဆယ်ရေးအဖွဲ့တို့က တုံ့ပြန်ခဲ့ပြီး Celco Emergency Response Team နဲ့ Blacksburg Rescue Squad ရဲ့ Technical Rescue Cave အဖွဲ့ကို ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ တာဝန်လွှဲခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေ လှိုဏ်ဂူအတွင်း ဝင်ရောက်လာချေိန်မှာပဲ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသမီး ဘာကြောင့်ပြုတ်ကျခဲ့ရတယ်ဆိုတာကတော့ မရှင်းလင်းသေးပါဘူး။
ရဲမှူးရုံးကတော့ ဒီအဖြစ်အပျက်ကို ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။ အခင်းဖြစ်ခဲ့တဲ့ဂူဟာ ဂေးလ် ကောင်တီရှိ ဗာဂျီးနီးယား ပြည်နယ်မျဉ်းအနီးမှာ တည်ရှိပါတယ်။ ဗာဂျီးနီးယားမှာ ဂူပေါင်း ၄၀၀၀ ကျော်ထိ ရှိတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒိန်းမတ်နိုင်ငံမှာ ဘုရင်မကြီး ထီးနန်းကို စွန့်လွှတ်ပြီးနောက် သားဖြစ်သူက ဘုရင်အရိုက်အရာ ဆက်ခံ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ