ဒိန်းမတ်နိုင်ငံမှာ ဘုရင်မကြီး ထီးနန်းကို စွန့်လွှတ်ပြီးနောက် သားဖြစ်သူက ဘုရင်အရိုက်အရာ ဆက်ခံ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၅
ဒိန်းမတ်တော်ဝင်မိသားစုရဲ့အိမ်ရှေ့မင်းသားဖြစ်တဲ့ Frederik X ဆိုသူဟာ ဇန်နဝါရီ ၁၄ ရက်မှာ ဘုရင့်အဖြစ် ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ကြောင်း သိရပါတယ်။ ဒိန်းမတ်ဘုရင်မကြီး Queen Margrethe II ဟာ ဗြိတိန် ထီးနန်းကို ၅၂ နှစ်ကြာ ဆက်ခံခဲ့ပြီးနောက် ထီးနန်းအရိုက်အရာကို သားဖြစ်သူအိမ်ရှေ့မင်းသားထံ လွှဲပြောင်းပေးခဲ့ တာဖြစ်ကြောင်း သိရပါတယ်။
ဒိန်းမတ်ဘုရင်အသစ် ထီးနန်းတက်ပွဲဟာ နိုင်ငံသမိုင်းမှာ သမိုင်းဝင်ဖြစ်ခဲ့ပြီး ပြည်သူသောင်းချီ တက်ရောက် အာပေးခဲ့တယ်လို့ သိရပါတယ်။ ဒိန်းမတ်ဘုရင်မကြီးဟာ နိုင်ငံကောင်စီနဲ့ အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထီးနန်းအရိုက်အရာ စွန့်လွှတ်ကြောင်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
ဒိန်းမတ်နိုင်ငံဟာ ကမ္ဘာ့သမိုင်းမှာ စည်းမျဉ်းခံဘုရင်စနစ်သက်တမ်းအကြာဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ ဒိန်းမတ်ဘုရင်အသစ်ရဲ့နန်းတက်ပွဲကို ဒိန်းမတ်ဘုရင်မကြီးနဲ့အတူ ဘုရင်ရဲ့ကြင်ယာတော်၊ သားတော်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဒိန်းမတ်ဘုရင်အသစ်ဟာ အသက် ၅၁ နှစ်အရွယ်သာ ရှိသေးပြီး ဒိန်းမတ်ဝန်ကြီးချုပ်တို့နဲ့နိုင်ငံအတွက် ဆွေးနွေးခဲ့ကာ ပြည်သူတွေကို မိန့်ခွန်းပြောဆိုခဲ့ကြောင်း သိရပါတယ်။
အသက် ၃ဝ အရွယ်ရှိ ဒိန်းမတ်နိုင်ငံသားတစ်ဦးက "ဒီနေ့ဟာ သမိုင်းဝင်နေ့ပါ။ ဒါကြောင့် ဒီနန်းတက်ပွဲကို ကိုယ်တိုင် လာရောက်အားပေးခဲ့တာပါ။ ကျွန်တော်ဟာ တော်ဝင်မိသားစုကို ချစ်ခင်မြတ်နိုးပါတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရိုင်(၃၄)ခု၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်း ကျောင်း(၃၄) ကျောင်းထပ်မံဖွင့်လှစ်မည်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း