ကရင်စာပေကို ပဉ္စမတန်းအထိ သင်ကြားခွင့်ရရှိရန် မျှော်မှန်းဆောင်ရွက်နေ
Pearl (NSS) - ဇန်နဝါရီ ၁၂
ကရင်စာပေသင်ကြားရေးအတွက် သင်ရိုးရေးဆွဲနေရာ လာမည့်နှစ် (၂ဝ၂၅ ခုနှစ်)တွင် ပဉ္စမတန်းအတွက် သင်ရိုးပြီးစီးမည်ဖြစ်ကြောင်း ကရင်စာပေ နှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ မန်းသန်းဝင်းဦးက NP News ကို ပြောသည်။
အစိုးရကျောင်းများ၌ ကရင်စာပေသင်ကြားရေးကို တတိယတန်းအထိ သင်ကြားခွင့်ရရှိထားကာ ပဉ္စမတန်းအထိ သင်ကြားခွင့်ရရှိရန်အတွက် မျှော်မှန်းဆောင်ရွက်နေကြောင်းလည်း သိရသည်။
"ကရင်စာပေကလည်း ကျောင်းမှာ သင်ခွင့်ရတယ်။ တတိယတန်းထိ သင်ခွင့်ရတယ်။ နောက် ပဉ္စမတန်းထိ သင်ဖို့ တင်ထားတယ်ပေါ့နော်။ ပဉ္စမတန်းထိသင်ဖို့က မွန်စာပေက တင်ထားတာ။ မွန်စာပေ ခွင့်ပြုချက်ရပြီဆိုရင်တော့ ကျွန်တော်တို့ စာပေလည်းရပြီ။ ထပ်တင်စရာ မလိုတော့ဘူး"ဟု မန်းသန်းဝင်းဦးက ပြောသည်။
ကရင်စာပေသင်ရိုးပြုစုရေးအဖွဲ့သည် (၄)တန်းသင်ရိုးကို စတင်ပြုစုနေပြီဖြစ်ပြီး ယခုနှစ်(၂ဝ၂၄ ခုနှစ်)တွင် ပြီးစီးရန် မျှော်မှန်းထားကာ လာမည့်နှစ်တွင် (၅)တန်းသင်ရိုးပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။
သင်ရိုးပြုစုရာတွင် အနောက်ပိုးကရင်ဘာသာ နှင့် စကောကရင်ဘာသာတို့အတွက် အဓိကသင်ရိုးပြုစုနေခြင်းဖြစ်ပြီး အရှေ့ပိုးကရင်ဘာသာအတွက် သင်ရိုးကိုမူ ကရင်ပြည်နယ်တွင် သီးခြားသင်ရိုးပြုစုလျက်ရှိကြောင်း သိရသည်။
"မိခင်ဘာသာစကား ပျောက်နေတာပေါ့။ တော်တော်များများက ဗမာဘာသာစကား ဖြစ်နေတဲ့အခါကျတော့ ပြန်လည်ပြီးတော့ သင်ရိုးပြုစုတဲ့အခါမှာလည်း ပညာရှင်တွေတော့ အခက်အခဲအများကြီးရှိပါတယ်။ တော်တော် များများပြန်ပြီး စည်းရုံးပြီးလုပ်နေရတယ်" ဟု ၎င်းက သုံးသပ်ပြောကြားသည်။
ကရင်လူမျိုးများသည် ကရင်ပြည်နယ်အပြင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ မွန်တို့တွင် နေထိုင်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်အစိုးရ ဖမ်းဆီးထိန်းသိမ်းထားသော ရေနံတင်သင်္ဘောကို ပြန်လည်ရယူနိုင်ရန်အတွက် ကူညီရန် အမေရိကန်အစိုးရကို သင်္ဘောကုမ္ပဏီပိုင်ရှင် တောင်းဆို
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း