သားဖြစ်သူကို ရှင်ပြုပေးရန် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသား သေဆုံး
စော (NSS) - ဇန်နဝါရီ ၁၂
သားဖြစ်သူကို ရှင်ပြုပေးရန်ရည်ရွယ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသားတစ်ဦးသည် အရက်အလွန်အကျွံသောက်မိရာမှ သေဆုံးခဲ့ကြောင်း သိရသည်။
နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား) က ယမန်နေ့( ဇန်နဝါရီလ ၁၁ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ၊ Subang မြို့နယ်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့်မြန်မာအမျိုးသားသည် အရက် အလွန်အကျွံသောက်မိရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူသည် ကိုတင်ဖြိုးအောင် (၃၈)နှစ်ဖြစ်ပြီး ၎င်း၏ သားဖြစ်သူအား ရှင်ပြုနိုင်ရန်အတွက် မလေးရှားနိုင်ငံသို့ လာရောက်အလုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ခန့်သာရှိသေးကြောင်း သိရသည်။
အဆိုပါ ကိုတင်ဖြိုးအောင်သည် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လေးတိုင်စင်ရွာမှ ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်း၏ ရုပ်အလောင်းကို ယမန်နေ့(ဇန်နဝါရီလ ၁၁ ရက်) တွင် ပူခွန်းမြို့ (၁၄)မိုင် သုဿန်သို့ နှလုံးလှပရဟိတအဖွဲ့မှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော် နှင့် မြောက်ပိုင်း(၃)ဖွဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ