EV ကားအပါအဝင် အခြားသောပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် မီးလောင်မှုဖြစ်စဉ် မြောက်ဥက္ကလာပမြို့နယ်၌ ဖြစ်ပွား
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုးဖြစ်ပွားခဲ့ရာ EV ကားအပါအဝင် အခြားသောပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဇန်နဝါရီလ ၁၂ ရက်)၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊(ဋ)ရပ်ကွက်၊ အိန္ဒြာ(၁၂)လမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စလောင်တာက ဖိနပ်တွေလုပ်တဲ့အိမ်ကစလောင်တာ။ မီးလောင်တဲ့ဖြစ်စဉ်တော့ မသိရသေးဘူး။ အဲဒီအိမ်က ပျဉ်ထောင်အိမ်ဆိုတော့ လောင်ပြီးဘေးက (၄)ထပ်တိုက်ကို မီးဟပ်ပြီး ကူးတာပေါ့။ အဲဒီမှာ (၄)ထပ်တိုက်ပါလောင်သွားတာ။ မီးစလောင်တဲ့ အိမ်ကလည်း EV ကား တစ်စီးနဲ့ အိမ်စီးကားတစ်စီးမီးလောင်သွားတယ်” ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော် လည်း ပျဉ်ထောင်အိမ်တစ်လုံး၊ (၄)ထပ်တိုက်တစ်လုံးနှင့် EV ကားတစ်စီး အပါအဝင် အိမ်စီးကားတစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“လူထိခိုက်မှုတော့မရှိခဲ့ဘူး။ တော်တော်များများတော့ပါ သွားတယ်။ အဲဒီရပ်ကွက်ကလည်း အိမ်ချင်းတွေကကပ်နေတာ။ အခြားထပ်ကူးပြီး မီးလောင်တာမရှိခဲ့ပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုအား မြောက်ဥက္ကလာပမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များပူးပေါင်းကာ (၃၀) မိနစ်ခန့်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် မီးစတင်လောင်ကျွမ်းခဲ့သည့် ဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ယနေ့၊ နံနက် ၃နာရီ ၁၈မိနစ် အချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၇၂ ရပ်ကွက်၊ ပိတောက်လမ်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မီးသတ်စခန်းမှ (၃၀)မိနစ်ခန့်သွားရောက် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သားဖြစ်သူကို ရှင်ပြုပေးရန် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသား သေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ