၂ဝ၂၃ ခုနှစ်အတွင်း ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် လျှပ်စစ်တာဝါတိုင်ပေါင်း(၄၀)နီးပါးပြိုလဲပျက်စီးခဲ့ပြီး ပြင်ဆင်ရန်တိုင်ပေါင်း(၃၃)တိုင် ကျန်ရှိနေ
ယွန်း (NSS) - ဇန်နဝါရီ ၁၂
၂၀၂၃ ခုနှစ်အတွင်း ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် လျှပ်စစ်တာဝါတိုင်ပေါင်း(၄၀)နီးပါး ပြိုလဲပျက်စီးခဲ့ပြီး ပြင်ဆင်ရန်တိုင်ပေါင်း(၃၃) တိုင် ကျန်ရှိနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်သမားများအနေဖြင့် ဓာတ်အားပို့လွှတ်ရေးလိုင်းများအား (၅၉)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လျှပ်စစ်တာဝါတိုင်ပေါင်း(၃၉)တိုင် ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ လျှပ်စစ်တာဝါတိုင်(၆)တိုင်ကိုသာ ပြန်လည်ပြင်ဆင်နိုင်သေးကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ရန် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း (၅)လိုင်းမှ တိုင်ပေါင်း(၂၆)တိုင်၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း (၄)လိုင်းမှ (၃)တိုင်နှင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း (၅)လိုင်းမှ တိုင်(၄)တိုင် စုစုပေါင်း လျှပ်စစ်တာဝါတိုင်ပေါင်း(၃၃)တိုင် ကျန်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ မိုင်းထောင်ဖောက်ခွဲခံရသည့် လျှပ်စစ်တာဝါတိုင်ပေါင်း(၈၉)တိုင်ရှိပြီး စုစုပေါင်း (၁၁၈)ကြိမ် ဖျက်ဆီးခံခဲ့ရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
“၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ဒီဇင်ဘာလအထိ မိုင်းထောင်ဖျက်ဆီးခံခဲ့ရတဲ့ တာဝါတိုင်ပေါင်း(၈၉)တိုင်ရှိပြီး စုစုပေါင်း (၁၁၈)ကြိမ်ဖျက်ဆီးခံခဲ့ရပါတယ်။ ကယားပြည်နယ်အတွင်း နဲ့ ပဲခူးအရှေ့ပိုင်း ညောင်လေးပင်ခရိုင်အတွင်းမှာ အများဆုံးဖျက်ဆီးခံရပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် လျှပ်စစ်မီးနေ့စဉ် အသုံးပြုလျက်ရှိသည့် ပြည်သူလူထုအတွက် များစွာထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာသည် နဂါးကြီး၏ ခရိုင်မီးယားဖြစ်ခဲ့ဖူးသလား ၂၁ ရာစု မြန်မာဘိန်းစစ်ပွဲနှင့် ငွေကျည်ဆံ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ