Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာသည် နဂါးကြီး၏ ခရိုင်မီးယားဖြစ်ခဲ့ဖူးသလား ၂၁ ရာစု မြန်မာဘိန်းစစ်ပွဲနှင့် ငွေကျည်ဆံ (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဇန်နဝါရီ ၁၂ 

ဘိန်းစစ်ပွဲ Opium Wars 鸦片战争 ဆိုရာမှာ တရုတ်တို့နဲ့ ဂရိတ်ဗြိတိန်တို့အကြား ၁၈၃၉-၁၈၄၂ ခုနှစ် ပထမ အကြိမ်နဲ့၊ ၁၈၅၆-၁၈၆ဝ ပြည့်နှစ် ဒုတိအကြိမ် နှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။


ခေတ်နောက်ကျ အသိပညာနည်းပါး ခေါင်းမာလွန်းလှတဲ့ တရုတ်ဧကရာဇ်လက်ထက် အရှေ့အိန္ဒိယကုမ္ပဏီရဲ့ လွတ်လပ်စွာကုန်စည်ကူးသန်းခွင့်အတွက် ဗြိတိသျှတို့က စစ်တိုက်ရခြင်းဖြစ်တယ်လို့ အဲဒီအချိန် အနောက်မီဒီယာ မျာ ရေးသားခဲ့ကြတဲ့စစ်ပွဲရဲ့ ဒုတိယအကြိမ်မှာ ပြင်သစ်ကလည်း အင်္ဂလိပ်တို့နဲ့အတူ ပါဝင်လာခဲ့ပါတယ်။ 

အဲဒီအချိန် အင်အားချိနဲ့ ဆင်းရဲမွဲတေနေတဲ့ တရုတ်ဟာ နှစ်ကြိမ်စလုံးမှာ စစ်ရှုံးပါတယ်။ မျက်မှောက် ခေတ်သစ် တရုတ်နိုင်ငံသမိုင်းတစ်စိတ်တစ်ပိုင်းလို့ ဆိုကြတဲ့ အဲဒီစစ်ပွဲကာလ တရုတ်ပြည်ဟာ ချင်မင်းဆက်လက်ထက်ဖြစ် တယ်ဆိုပေမယ့် ဟန်မျိုးနွယ်အများစု အာရှနိုင်ငံကြီးရဲ့ ဧကရာဇ်ဟာ မန်ချူးလူမျိုးသာဖြစ်ပါတယ်။ 


နယ်ချဲ့လာတဲ့ မန်ချူး (မွန်ဂို) တို့ကို စစ်ရှုံးခဲ့ရတဲ့ တရုတ်ပြည်မှာ ၁၆၃၆ ခုနှစ်မှ စတင်ပြီး မန်ချူးဘုရင်များသာ စိုးစံလာခဲ့ကြပါတယ်။

တရုတ်ပြည်မှ ပိုးထည်၊ ကြွေထည်၊ လဖက်ခြောက်နဲ့ ငွေသတ္တုတို့ကို ကူးသန်းရောင်းဝယ်နေတဲ့ အင်္ဂလိပ်တို့အတွက် ဘိန်းအရောင်းအဝယ်ပြုလုပ်ခြင်းဟာ အမြတ်အစွန်း အများဆုံးဖြစ်နေပါတယ်။ တရုတ်လူ့အဖွဲ့အစည်းကြီးအတွင်း လူညွန့်တုံးစေတဲ့ဘိန်းရောင်းဝယ်ခြင်းကို တားမြစ်လိုက်ပြီး ကျူးလွန်သူများကို သေဒဏ်ပေးဖို့ အမိန့်ထုတ်လိုက် ခြင်းကြောင့် သိမ်းဆည်းခံ သူတို့ဘိန်းများကို ပြန်ရဖို့ တောင်းဆိုရာမှ စစ်ဖြစ်ပွားရခြင်းဖြစ်ပါတယ်။


အဲဒီအချိန် တရုတ်ပြည်ဟာ နယ်မြေကျယ်ပြန့်ပြီး လူဦးရေအလွန်များပြားသလောက် လယ်ယာမြေပိုင်ဆိုင်မှု အချိုး မညီခြင်း၊ စီးပွားရေးပုံသဏ္ဍာန် မမှန်ကန်ခြင်း လာဘ်စားလွန်းတဲ့ အစိုးရဝန်ထမ်းများကြောင့် ဆင်းရဲ မွဲတေနေပါ တယ်။ စစ်လျော်ကြေး မတန်တဆနဲ့အတူ တောင်ပိုင်းအချုပ်အခြာအာဏာပိုင်နယ်မြေများ ဆုံးရှုံးရခြင်းဟာ ဟန်တရုတ်တို့၏အကြား အမျိုးသားရေးဝါဒ အရှိန်မြင့်တက်လာအောင် ဖန်တီးပေးခဲ့ပါတယ်။ 

တရုတ်အမျိုးသားရေးဝါဒီတို့ဟာ စစ်အင်အားချိနဲ့ ခေတ်နောက်ကျနေတဲ့ တရုတ်ပြည်မှာ သူ့ကိုယ်သူ ဧကရာဇ် ထင်မှတ်နေတဲ့ မန်ချူးဘုရင်ကို နန်းတွင်းတော်အတွင်း တဝှိုက်မှာသာ သာယာစေပြီး လူထုနဲ့ကင်းကွာအောင် စိတ်ရှည်ရှည်နဲ့ အချိန်ယူပြီး အဆက်ဖြတ်ခဲ့ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်မရှိဘဲ ပြင်ပထွက်တိုင်း လုံခြုံရေးကို အကြောင်းပြပြီး ချန်ကေရှိတ်ရဲ့ ကူမင်တန်စစ်သားတွေက တန်းလန်း တန်းလန်းနဲ့ လိုက်ပါနေပါတယ်။ ၁၈၉၄ ခုနှစ်မှာ အတိအလင်း စတင်တော်လှန်ကြပြီး ၁၉၁၁-ခုနှစ်မှာ နောက်ဆုံး မန်ချူးမင်းဆက် နိဂုံးချုပ်သွား ခဲ့ပါတယ်။ 


ချင်မင်းဆက် ၁၁ ဆက်မြောက် နောက်ဆုံးဘုရင်ဖြစ်တဲ့ “ပုယီ” ဟာ အသက် ၂ နှစ်အရွယ်မှာ ဘုရင်ဖြစ်လာခဲ့ပြီး အဲ့ဒီအချိန် ဂျပန်အင်ပါယာ မန်ချုးကိုး ရုပ်သေးပြည်နယ်ကို အုပ်ချုပ်ရပါတယ်။ ၆ နှစ်အရွယ်မှာ ထီးနန်းစွန့်ခဲ့ရ ပေမယ့် ဗိုလ်ချုပ်အချို့ ဧကရာဇ်အဖြစ် ပြန်လည်တင်မြှောက်ခဲ့ကြပါတယ်။ ဒါပေမယ့် တားမြစ်ထားတဲ့ မြို့တော် အတွင်းမှာသာ ဘုရင်ဖြစ်နေပြီး ၁၉၂၄ ခုနှစ် မြို့တော်မှ နှင်ထုတ်ခံရချိန်ရောက်မှ သူ့ကိုယ်သူ တကယ့်ဘုရင် မဟုတ်မှန်း အသေအချာ သိရှိသွားရပါတယ်။

၁၇ ရာစုအလယ်ပိုင်း နန်ကင်းမှ “ယန်_စစ်မျိုးနွယ်စု” မင်ဒရင်းဘာသာစကားပြော ဟန်တရုတ်တို့ဟာ ယူနန်နယ်အ တွင်း ပြောင်းရွှေ့လာကြပါတယ်။ ၁၈ ရာစုနှစ်မှာ အဲဒီအထဲကအချို့ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်လာကြပြီး သီပေါစော်ဘွားနဲ့ ကျိုင်းတုံစော်ဘွားများလက်အောက်မှာ နေထိုင်ခဲ့ကြပါတယ်။ သူတို့ကို ကိုးကန့်လို့ ခေါ်ဝေါ်ကြပြီး မြန်မာတိုင်းရင်းသား ၁၃၀ ကျော်အနက် လူမျိုးစုတစ်စုဖြစ်ပါတယ်။ ပဒေသရာဇ် လက်ထက် နယ်စပ်နယ်နိမိတ်အပြောင်းအလဲများ ဖြစ်ခဲ့ဖူးပေမယ့် သံလွင်အရှေ့ခြမ်း ကိုးကန့်နယ်မြေဟာ မြန်မာ့ အချုပ်အချာနယ်မြေအတွင်းမှာသာ အစဉ်တစိုက် တည်ရှိခဲ့ပါတယ်။

ရှမ်းမြောက်ဒေသမှာ ပထမဆုံး ဘိန်းစိုက်ပျိုးခြင်း ကူးသန်းရောင်းဝယ်ခြင်းကို စတင်သူဟာ “ကိုးကန့်စစ်မင်းသမီး ဘိန်းဘုရင်မ_အောလစ်_ယန်း” ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ မွေးဖွားပြီး လားရှိုးကွန်ဗင့်ကျောင်းထွက် ယောက်ျားလျာတစ်ဦးအဖြစ် လူသိများပါတယ်။ 

၁၉၄၅ ခုနှစ် စက်တင်ဘာလ အာရှတိုက်မှာ ဂျပန်လက်နက်ချခြင်းဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပါတယ်။ အဲဒီအချိန် အသက် ၁၉ နှစ်အရွယ် ကိုးကန့်မင်းသမီးဟာ “အောလစ်ရဲ့ကောင်လေးတွေ” လို့ အမည်ရှိတဲ့ လက်နက် ကိုင်တစ်ထောင်ကျော်နဲ့ နယ်စပ်ဘိန်းကုန်သွယ်ရေးကို ထိန်းချုပ်နေပါပြီ။ ကွန်မြူနစ်မော်စီတုံးကို အရေးနိမ့်သွားတဲ့ ချန်ကေရှိတ် ကူမင်တန်စစ်တပ်ဟာ ၁၉၅ဝ ပြည့်လွန်နှစ်များမှာ ရှမ်းမြောက်ဒေသအတွင်း ဝင်ရောက်လာပြီး ရွှေတြိဂံဒေသ အမေရိကန် စီအိုင်အေ အကူအညီနဲ့ ဘိန်းကုန်သွယ်ရာမှာ ပူးပေါင်းမိသွားပါတယ်။ 

မြန်မာ ဖဆပလအစိုးရဟာ ရှမ်းမြောက်ဒေသမှ ကူမင်တန်တရုတ်တို့ကို မောင်းထုတ်ရာမှာ အော်လစ်ယန်းအပြင် ကိုးကန့်ကာကွယ်ရေးခေါင်းဆောင် လောစစ်ဟန်ရဲ့အကူအညီကို ရယူခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်မှာ အောလစ်ယန်း ဖမ်းဆီးခံရပြီး ၁၉၆၈ ခုနှစ်မှာ လွတ်မြောက်ခဲ့ပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင် လောစစ်ဟန် (ခေါ်) လိုရှုင်းဟန်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ရှမ်းမြောက် ဗကပများကို တိုက်ထုတ်ရာမှာ ကူညီပေးတဲ့ ပြည်သူ့ စစ်ခေါင်းဆောင်ဖြစ်လာပြီး တစ်ဖက်မှာလည်း ဘိန်းစိုက်ပျိုး ကုန်ကူးခြင်းကို အကြီးအကျယ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၇ဝ ပြည့်နှစ် အာရှမူးယစ်ဆေးကမ္ဘာရဲ့ဘုရင်တစ်ဆူဖြစ်လာတဲ့အတွက် ၁၉၇၃ နှစ် ထိုင်းနိုင်ငံက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပေမယ့် ၁၉၈ဝ ပြည့်နှစ်မှာ လွတ်မြောက်လာပြီး စီးပွားရေး ခရိုနီတစ်ဦးဖြစ်လာပါတယ်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက် အရှေ့တောင်နယ်စပ်တလျောက် လက်နက်လူသူ စုရုံးနေတဲ့ ဆန့်ကျင်ရေးအုပ်စုတို့ကို ဗိုလ်ချုပ်မှူးကြီး စောမောင်က လက်ဦးမှု ရယူဖြိုခွင်းခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ရှမ်းမြောက် ဒေသ ဗကပတို့မှ ခွဲထွက်လာတဲ့ ဖုန်ကြားရှင်ရဲ့ MNDAA ဟာ ကိုးကန့်ဒေသတစ်ဖြစ်လဲ ရှမ်းပြည်နယ် အမှတ် ၁ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တရုတ် မြန်မာနယ်ခြားဒေသ အေးချမ်းသာယာရေးနဲ့ လုံခြုံရေးကို တာဝန်ယူခဲ့ပါ တယ်။ ကွမ်းလုံအခြေစိုက် စစ်ဗျူဟာအနေနဲ့ အထူးဒေသနဲ့ ရှမ်းပြည်နယ်အခြားအင်အားစုများရဲ့ စစ်ရေးစစ်ရာများ ကို တာဝန်ယူရပြီး အတွင်းရေးကိစ္စများမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။

၁၉၉၂ ခုနှစ် ဧပြီလ ဗိုလ်ချုပ်မှူးကြီး စောမောင် တာဝန်မှ ရုတ်တရက် အနားယူခြင်းနဲ့အတူ အရှေ့တောင် ထိုင်းနယ်စပ် ရန်သူ့စစ်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းယူနေတဲ့တပ်မတော်ကို နောက်တန်းသို့ ပြန်လည်ခေါ်ယူ ခဲ့ပါတယ်။ The Nationwide Ceasefire Agreement (NCA) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ချုပ်ဆိုရန် အားထုတ်ခြင်းနဲ့အတူ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ၊ ကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် MNDAA တို့လို ကမ္ဘာသိ လက်နက်ကိုင်မူးယစ်ဆေးကုန်ကူးသူများအပြင် လက်နက် ကိုင်အဖွဲ့သစ်များ ထပ်မံပေါ်ပေါက်လာပါတယ်။ ၂ဝဝ၄ ခုနှစ် အမျိုးသားထောက်လှမ်းရေးပျက်ပြားပြီး နောက်ပိုင်း ယခင်နယ်စပ်ဒေသများမှာသာအဖြစ်များတဲ့ ဆန့်ကျင်ရေး အဖျက်အမှောက်တို့ဟာ ပြည်တွင်းမြို့ရွာများအနီး ရောက်ရှိလာခဲ့ပါတယ်။


အစဉ်လေးစားစွာဖြင့် 

#HtayOung, #OungMarine

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် MARK II ကားအရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ကားနှင့်ဝင်တိုက်မိရာ အသက်(၂)နှစ်အရွယ်ကလေးအပါအဝင်(၄)ဦး သေဆုံး

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved