ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချခြင်းများ ရှိလာမည်မဟုတ်ကြောင်း ချဲလ်ဆီးနည်းပြပြော
Pika (NSS) - ဇန်နဝါရီ ၁ဝ
ချဲလ်ဆီးအသင်းအနေဖြင့် ၎င်းတို့၏အသင်းကို ပိုမိုအားဖြည့်ရန်အတွက် ကမ်းလှမ်းမှုများလုပ်ဆောင်ထားသော်လည်း ဇန်နဝါရီလအပြောင်းအရွှေ့ကာလတွင် ကစားသမားဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချခြင်းမျိုး ရှိလာမည် မဟုတ်ကြောင်း နည်းပြပိုချက်တီနိုက ဝန်ခံပြောဆိုခဲ့သည်။
ချဲလ်ဆီးအသင်းသည် ဇန်နဝါရီလအပြောင်းအရွှေ့ကာလတွင် နောက်ထပ်ခေါ်ယူမှုများ လုပ်ဆောင်နိုင်ရန်အတွက် ရန်ပုံငွေရှာရန် ကစားသမားများကို ရောင်းချဖို့ မလိုအပ်ကြောင်း ပိုချက်တီနိုက ပြောခဲ့သည်။ ချဲလ်ဆီးအသင်းကို တော့ဒ်ဘိုလေး နှင့် Clearlake Capital ကုမ္ပဏီတို့က ဝယ်ယူခဲ့သည့်နောက်ပိုင်းတည်းက လက်ရှိအချိန်အထိ ပေါင်(၁)ဘီလျံကျော် သုံးစွဲထားကြောင်းလည်း သိရသည်။
ထို့အပြင် ချဲလ်ဆီးအသင်းသည် Brentford အသင်း တိုက်စစ်မှူးအိုင်ဗန်တိုနေးနှင့် နာပိုလီအသင်းတိုက်စစ်မှူး ဗစ်တာအိုရှီမန်တို့ အပါအဝင် ယခုလအတွင်း နောက်ထပ်ခေါ်ယူမှုများ လုပ်ဆောင်ရန်အတွက် ချိတ်ဆက်ထားမှု များ ရှိခဲ့ကြောင်းလည်း သိရသည်။
ချဲလ်ဆီးနည်းပြ ပိုချက်တီနို က "ကျွန်တော်တို့အသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ကာလမှာ ကစားသမား ဝယ်ယူတာ ဒါမှမဟုတ် ရောင်းချတာတွေ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းနဲ့ပတ်သက်ပြီး ကောလဟာလတွေ အရမ်းများနေတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ကစားသမားအချို့ကို ဝယ်ယူဖို့အတွက် ကျွန်တော်တို့မှာရှိတဲ့ကစားသမားတွေကို ရောင်းချဖို့လည်းမလိုပါဘူး" ဟု ပြောခဲ့သည်။
ချဲလ်ဆီးအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ပွဲစဉ်(၂ဝ)ပွဲ ကစားထားပြီး ရမှတ်(၂၈)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၁ဝ) နေရာမှာ ရပ်တည်နေကြောင်းလည်း သိရသည်။ ချဲလ်ဆီးအသင်းသည် လာမည့် ဇန်နဝါရီလ(၁၃)ရက်တွင် ဖူလ်ဟမ်အသင်း နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF အဖွဲ့ဝင်များက အမျိုးသားတစ်ဦးကိုလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့မှု မြင်းခြံမြို့နယ်၌ဖြစ်ပွား
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း