စင်ကာပူမှာ ကော်ဖီဆိုင်တွင်း ရန်ဖြစ်မှုမှ ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွား
ရောင်နီ (NSS) - ဇန်နဝါရီ ၉
စင်ကပူနိုင်ငံ၊ ရီချွန် မြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်မှာ ဇန်နဝါရီ ၈ ရက်က ဓားကိုင်ရန်ဖြစ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဓားကိုင်ခဲ့တဲ့ အသက် ၅၇ နှစ်အရွယ်အမျိုးသားကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
807 Yishun Ring Road ရှိ ကော်ဖီဆိုင်တစ်ဆိုင်မှာ ည ၈ နာရီ ၃ဝ မိနစ်ခန့်က ရန်ဖြစ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပဏမ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ အသက် ၅၇ နှစ်ရှိ ဓားကိုင် အမျိုးသားနဲ့ ရန်ဖြစ်ခဲ့တာကတော့ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဓားကိုင်ဆောင်သူ အမျိုးသားကို အသက်အန္တရာယ်ရှိ လက်နက်အသုံးပြုပြီး စိတ်ဆန္ဒအလျောက် နာကျင်စေအောင် တိုက်ခိုက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ အရက်သောက်ထားတယ်လို့ ယူဆရပါတယ်။
ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ နှစ်သစ်ကူးနေ့က Orchard Central မှာ အသက် ၁၈ နှစ်မှ ၃ဝ နှစ်ကြား အမျိုးသားငါးဦးနဲ့ အမျိုးသမီးတစ်ဦး ရန်ဖြစ်တိုက်ခိုက်မှုဖြစ်ပေါ်ပြီး သီတင်းတစ်ပတ်အကြာမှာ ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံမှာ ၂ နှစ်သားအရွယ်ကလေးအလောင်းကို ရေခဲသေတ္တာထဲ ဝှက်ထားမှုနဲ့ စုံတွဲတစ်တွဲ ဖမ်းဆီးခံရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ