TNLA ၊ PDF အဖွဲ့များ ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ရှိ သံဘိုစခန်းကို တပ်မတော်က သာလွန်အင်အားဖြင့် တိုက်ခိုက်ကာ ပြန်လည်ထိန်းချုပ်
Pearl (NSS) - ဇန်နဝါရီ ၉
TNLA ၊ PDF အဖွဲ့များ ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ရှိ သံဘိုစခန်းကို တပ်မတော်က သာလွန်အင်အားဖြင့် တိုက်ခိုက်ကာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သော ဇန်နဝါရီလ (၂)ရက်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့ နယ် ၊ သံဘိုရွာရှိ တပ်မတော်လုံခြုံရေးစခန်းကို တအာင်း လက် နက်ကိုင်အဖွဲ့(TNLA) နှင့် မန္တလေး PDF တို့က အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ(၃)ရက် ၊ နံနက်ပိုင်းတွင် အဆိုပါ စခန်းအား ထိန်းချုပ်ခဲ့သည်။
၎င်းတိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ဒုဗိုလ်မှူးကြီးသက်အောင် အပါအဝင် Drone Jammer စက်အကြီးများနှင့်လက် နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း TNLA အဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ TNLA ၊ PDF အဖွဲ့များ ထိန်းချုပ်ထားသည့် သံဘိုစခန်းကို တပ်မတော်က ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်) ၊ ညပိုင်းတွင် သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက NP News ကို ပြောသည်။
"မနေ့က ညတွင်းချင်း သာလွန်အင်အားသုံးပြီးဝင်စီးထားတာ။ ဒီနေ့ မနက် ၈ နာရီလောက်မှာအပြီးအစီးထိန်းချုပ်နိုင်ပြီ။ အခုတော့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ ပတ်လည်ဖြန့်ပြီး စိုးမိုးထားတယ်။ ရန်သူကတော့လားရှိုးနားအထိပြန်ဆုတ်သွားပြီ" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ယနေ့ (ဇန်နဝါရီလ ၉ ရက်)၊ နံနက် (၈)နာရီခန့်တွင် နောင်ချိုမြို့နယ်ရှိ သံဘိုစခန်းအား တပ်မတော်ဘက်က အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိတွင် တပ်မတော်လုံခြုံရေးအဖွဲ့က နယ်မြေရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါစခန်းကို ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင်လည်း TNLA ၊ PDF အဖွဲ့က အင်အားအများအပြားဖြင့် လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးပဋိပက္ခကြောင့် ကောက်ခံရန်ကျန်ရှိခဲ့သော မီတာခကြွေးကျန်များကို (၉၆)ရာခိုင်နှုန်းအထိ ကောက်ခံရရှိထားပြီးဖြစ်ဟုဆို
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ