အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာ့အရေးတွင် အပြု သဘောဖြင့် ကောင်းမွန်စွာထိတွေ့ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေးပါတီ တာဝန်ရှိသူပြော
သုတကျော် (NSS) - ဇန်နဝါရီ ၉
အာဆီယံ ဥက္ကဋ္ဌသစ် လာအိုက ခန့်အပ်လိုက်သည့် အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာ့အရေးအထူးကိုယ်စားလှယ်သည် မြန်မာ့အရေးတွင် အပြုသဘောဖြင့် ကောင်းမွန်စွာ ထိတွေ့ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက NP News သတင်းဌာနကို ပြောသည်။
မနက်ဖြန် (ဇန်နဝါရီလ ၁၀ ရက်)တွင် နေပြည်တော်၌ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ ဇန်နဝါရီလ ၁၂ ရက်တွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး အပါအ ဝင် မှတ်ပုံတင်ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီများ နှင့်တွေ့ရန် စီစဉ်ထားကြောင်း သိရသည်။
“ကြည့်လိုက်တဲ့အခါ အင်ဒိုနီးရှားက ထိတွေ့ဆက်ဆံတာနဲ့ အာဆီယံ ကုန်းတွင်းနိုင်ငံတွေဖြစ်တဲ့ လာအိုတို့၊ ကမ္ဘောဒီးယားတို့၊ ထိုင်းတို့၊ ဗီယက်နမ်တို့က ကျွန်တော်တို့နဲ့ ဆက်ဆံတာ ပိုပြီး အဆင်ပြေတယ်လို့ မြင်တယ်လေ။ ထိတွေ့ဆက်ဆံမှု အောင်မြင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ရှေ့က အတွေ့အကြုံတွေ ယူပြီး ထိတွေ့ဆက်ဆံတာမှာ သင်ခန်းစာတွေ ရထားတာကိုး။ သင်ခန်းစာယူ အပြုသဘောနဲ့ ထိတွေ့ ဆက်ဆံရင် ပိုပြီး အောင် မြင်နိုင်တယ်။ အဲဒီလို ဆက်ဆံလိမ့်မယ်လို့ ကျွန်တော်ယုံတယ်။ ဘာလို့ဆို ပြီးခဲ့တဲ့ဟာတွေကို ကြည့်ပြီးတော့ အဲ့ဒီလို မြင်တာပါ” ဟု ဦးတင်ဆွေက ပြောသည်။
အထူးကိုယ်စားလှယ်သည် အပြုသဘောဖြင့် ကောင်းမွန်စွာ ဆက်ဆံမည်ဟု ထင်မြင်ပြီး အကောင်းမြင်ကြောင်း နှင့် လာအို လက်ထက်တွင် အောင်မြင်အောင် ပိုမိုကြိုးစားလိမ့်မည်ဟု မြင်ကြောင်းလည်း ၎င်းကပြောသည်။
အထူးကိုယ်စားလှယ် နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်း နှင့် ရွေးကောက်ပွဲဖော်ဆောင်ရန်အလားအလာ စာတမ်းများကို နိုင်ငံရေးပါတီများက ဖတ်ကြားတင်ပြရန်ရှိနေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တစ်ဝိုက်ကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ