MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တစ်ဝိုက်ကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်
မြူနစ် (NSS) - ဇန်နဝါရီ ၉
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တစ်ဝိုက်ကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ တုံချိန်ဒေသကို ယမန်နေ့(ဇန်နဝါရီလ ၈ ရက်)မှ ယနေ့(ဇန်နဝါရီလ ၉ ရက်)အထိ တပ်မတော်က လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“လောက်ကိုင် တုံချိန်မှာ မနေ့ကစပြီး ဒီနေ့အထိ လေယာဉ်နဲ့ ဗုံးလာကြဲတာရှိတယ်။ ဒီနေ့ နေ့လည်လောက်မှာလည်း ဗုံးကြဲသွားတာရှိတယ်။ အဓိကတော့ တုံချိန်ကို ကြဲသွားတာ။ အဲဒီမှာက MNDAA အဖွဲ့ဝင်တွေ အများကြီးရှိတယ်။ အဲဒါကြောင့် လို့ ထင်တယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NSS ကို ပြော သည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်ထိတစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုခြင်းမျိုး မရှိသေးပေ။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် ပြီးခဲ့သော ဇန်နဝါရီ လ ၅ ရက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)အပါ အဝင် လောက်ကိုင်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
MNDAA ဦးဆောင်ကာ TNLA၊ AA မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ပြီးခဲ့ သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသရှိ လုံခြုံရေးစခန်းများကို အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
လက်ရှိအခြေအနေတွင် MNDAA ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့ရှိ လုံခြုံရေးစခန်းများအပါအဝင် စခန်းပေါင်း (၂၀၀) ကျော်ကို ထိန်းချုပ်ထားသည်ဟု ကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
TGL-6 ပြိုင်ပွဲ၌ မြန်မာပြည်ချန်ပီယံ သွေးသစ်ဝင်းလှိုင်နှင့်ပထမတန်းရိုးရာလက်ဝှေ့ကျော် ကျော်စွာဝင်းတို့ ယှဥ်ပြိုင်ထိုးသတ်မည်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ